Skip to playerSkip to main content
  • 6 years ago
တူရကီနိုင်ငံကဇာတ်လမ်းတွဲဖြစ်ပြီး တကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေး ပါ....

ဇာတ်လမ်းအကျဉ်းချုပ် ပြောရရင်တော့....

မင်းသားက Murat Salsimaz ပါ...မင်းသမီးကတော့ Hayat Uzun ဖြစ်ပါတယ်...Murat ရဲ့ အဖေက နာမည်ကျော် Sarte အထည်လုပ်ငန်းကုမ္ပဏီ ပိုင်ရှင်ဖြစ်ပါတယ်...ဒီကုမ္ပဏီကို Murat က ဦးဆောင်နေတာဖြစ်ပါတယ်....Hayat ကတော့ နယ်ကနေ ကျောင်းတက်ဖို့ မြို့တက်လာတာဖြစ်ပါတယ်....သူကျောင်းပြီးတာနဲ့ မြို့မှာပဲ အလုပ်လုပ်ပြီး အခြေချနေထိုင်ချင်တဲ့ ဆန္ဒရှိသူလေးပါ...သူဘွဲ့ရပြီး မြို့မှာ အလုပ်ရှာတာ အလုပ်မရလို့ အဖေက နယ်ကို အတင်းပြန်ခိုင်းနေတဲ့ နေ့မှာပဲ Sarte ကုမ္ပဏီမှာ တခြားမိန်းကလေးတယောက်ရဲ့ နာမည်ကို အလွဲသုံးပြီး အလုပ်ရခဲ့လို့ သူ နယ် မပြန်ဖြစ်သွားပါတယ်...သူက လိမ်ပြီး အလုပ်ရသွားတယ် ဆိုတာလဲ နယ်ကို လုံးဝ ပြန်ချင်စိတ်မရှိတဲ့ သူ့ရဲ့ လိုအပ်ချက်ကြောင့် ဖြစ်ပါတယ်...ဒီမှာပဲ Murat နဲ့ Hayat တို့ရဲ့ ကြောက်စရာ အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်...

အဓိကပါဝင်သရုပ်ဆောင်သူများ...
1. Murat Sarsalmaz(မင်းသား)

Sarte ကုမ္ပဏီပိုင်ရှင်ရဲ့ သားကြီးဖြစ်ပြီး...အဖေက အနားယူနေလို့...သူပဲSarteကို တာဝန်ယူ ဦးဆောင်မှာ ဖြစ်ပါတယ်....

2. Hayat Uzzun
နယ်ကနေ ကျောင်းတက်ဖို့ မြို့တက်လာတာ ဖြစ်ပါတယ်...မြို့မှာ အလုပ်လုပ်ပြီး အခြေချနေထိုင်ချင်တဲ့ သူပါ... ဘွဲ့ရပြီး အလုပ် မရသေးလို့ အဖေက အိမ်ကို ပြန်ခေါ်ခိုင်းတဲ့ နေ့မှာပဲ Sarte မှာအလုပ်ရသွားတယ်...အလုပ်ရတာလဲ သူ့နာမည်နဲ့ မဟုတ်ဘဲ Murat အဖေရဲ့ သူငယ်ချင်းဟောင်းရဲ့ သမီး Sona Pektis အမည်နဲ့ ရသွားတာဖြစ်ပါတယ်...Sarte ကုမ္ပဏီက လူတွေ အားလုံး Hayat ကို Sona Pektis ထင်နေပါတယ်....Hayat က နာမည်လိမ်ပြီး အလုပ်ရသွားတာကို သူ့ သူငယ်ချင်း ၂ယောက်ကပဲ သိနေတာဖြစ်ပါတယ်.....

Category

😹
Fun
Be the first to comment
Add your comment

Recommended