Skip to playerSkip to main content
  • 8 years ago
အမှုအခင်းနဲ့ ပတ်သက်ပြီး တရားခံ မပေါ်ပေါက်တာ၊ သက်သေပျောက်တာတွေနဲ့ ပစ္စည်းပျောက်တာတွေကိုပါ စုံစမ်းထောက်လှမ်းပေးမယ့် အလွတ်စုံထောက် လုပ်ငန်းတစ်ခု အခု ရက်ပိုင်းမှာ ပေါ်ပေါက်လာပါတယ်။
အဲဒီလုပ်ငန်းမှာ ပါဝင်နေသူတွေက အရင် မှုခင်းတပ်ဖွဲ့က စီအိုင်ဒီတွေ၊ ရဲမှူးကြီးတွေနဲ့ အစိုးရ ၀န်ထမ်းဟောင်း (အငြိမ်းစား) တွေ ပါဝင်နေတဲ့ အဖွဲ့လို့လည်း သိရပါတယ်။
သူတို့ ဘာတွေလုပ်မလဲ၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်မလဲဆိုတာကို အဲဒီလုပ်ငန်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ တာဝန်ယူထားသူ ဦးဌေးညွှန့်ကို 7Day TV က မေးမြန်းထားပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Comments

Recommended