Skip to playerSkip to main content
  • 7 years ago
ရန်ကုန်မြို့လယ်က ယဉ်ကျေးတဲ့ ကောင်မလေး
****************
ရန်ကုန်မြို့ ၄၁လမ်းကြားထဲမှာ ဆံရစ်ဝိုင်းလေးနဲ့ ပါးကွက်ကြားလေးကွက်ပြီး ဝါဂွမ်းလေးတွေနဲ့အတူ မြန်မာ ဆန်ဆန်လှပနေတဲ့ ကောင်မလေးတစ်ယောက် ရှိနေပါတယ်။ သူဟာတကယ်တော့ လူသားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဂွမ်းပုံချစ်လို့ အမည်ရတဲ့ ပန်းချီရုပ်ပုံလေးတစ်ခုပဲ ဖြစ်ပါတယ်။
ယဉ်ကျေးတဲ့ ဂွမ်းပုံချစ်လို့ အမည်ရတဲ့ ဒီကောင်မလေးဟာ လက်ရှိမှာတော့ ရန်ကုန်မြို့က လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။ နေ့စဉ်နေ့တိုင်း သူရှိတဲ့ ၄၁လမ်းက နောက်ဖေးလမ်းကြား အပန်းဖြေနေရာလေးကို လူငယ်လေးတွေနဲ့ ကလေးငယ်လေးတွေဟာ မကြာခဏ ဆိုသလို လာရောက်လေ့ရှိပါတယ်။
ရိုက်ကူး တင်ဆက်- ကျော့ကေခိုင်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended