Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ကမ္ဘာကျော်ရှေးဟောင်း အိမ်ကြီး၂လုံးကို ပြုပြင်ထိမ်းသိမ်းဖို့အတွက် ရံပုံငွေတွေ လိုအပ်နေတယ်လို့ ကသာမြို့ရှေးဟောင်းအမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကပြောပါတယ်။

ကသာမြို့မှာ ၁၉၂၆ ခုနှစ်ကနေ ၁၉၂၇ ခုနှစ်ထိ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ်ရဲ့ ၁၉၃၄ ခုနှစ်မှာ ပထဆုံးစာပေလက်ရာအဖြစ် ထုတ်ဝေခဲ့တဲ့ မြန်မာပြည် နေ့ရက်များ - Burmese Days စာအုပ်မှာ အဲ့ဒီ အိမ်၂လုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာကျော် Burmese Days စာအုပ်တွင် ပါရှိတဲ့ ဇာတ်ဝင်ခန်းနေရာတွေဟာ ကသာမြို့ အရေးပိုင်မင်းနေအိမ်နဲ့ စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ် နေထိုင်ခဲ့သည့်နေအိမ်၊ ခရစ်ယာန်ဘုရားကျောင်း စစ်သင်္ချိုင်း စတဲ့ နေရာတွေ ပါဝင်ပြီး နိုင်ငံခြားသား ခရီးသွားတွေ နှစ်စဉ်လာရောက်လည်ပတ်လေ့ရှိပါတယ်။

ရိုက်ကူး - ဆလိုင်းသန့်စင်
တည်းဖြတ် - ဝေယံမိုးမြင့်

Category

🗞
News
Comments

Recommended