Skip to playerSkip to main content
  • 7 years ago
သဘာဝကုန်လှောင်ရုံ(Natural Warehouse) လို့တင်စားနေကြတဲ့ နဂါးဖန်ချက် စက်ရုံဟာ လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးသိန်းဇော်ရဲ့ မိဘများလက်ထက်ကတည်းက တည်ထောင်ခဲ့တဲ့ လက်မှုလုပ်ငန်း တစ်ခုဖြစ်ပါတယ်။

ဖန်ချက်တဲ့ ဖိုကြီးကို အပူချိန် ၁၂၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရအောင် အပူပေး ချက်လုပ်ရတာဖြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေက တစ်ယူနစ်ကို ၂၀၀ ကျပ်ကနေ ၆၀၀၀ အထိ အဆ ၃၀ကျော် မြင့်တတ်သွားတာကြောင့် ဓါတ်ငွေ့ဈေး ကြီးမြင့်လာမှုတွေကြောင့် လုပ်ငန်းကိုရပ်နားလိုက်ရတယ်လို့ ဦးသိန်းဇော်က ပြောပြပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမှာ တည်ထားကိုးကွယ်ထားတဲ့ စိန်ဖူးတော် ဖန်အုပ်ဆောင်းနဲ့ ခြောက်ထပ်ကြီးလျောင်းတော်မူဘုရားကြီးရဲ့ မျက်လုံးတော်များကို နဂါးဖန်ချက်စက်ရုံကပဲ သွန်းလုပ်ပူဇော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖန်ချက်စက်ရုံကို ရပ်နားလိုက်ရပေမယ့် ကျန်ရှိနေသေးတဲ့ ဖန်ပစ္စည်းတွေကိုတော့ ပြည်တွင်းပြည်ပ ဝယ်ယူသူတွေကို မိသားစု တပိုင်တနိုင်ဝင်ငွေအတွက် ရောင်းချနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended