Skip to playerSkip to main content
  • 6 years ago
ပျံသန်းခြင်း အိပ်မက်သည် လူသားမျိုးနွယ်စုလောက် သက်တမ်းရင့် နေပြီဖြစ်သည်။ စိတ်ပါဝင်စားသူများ နှင့် အင်ဂျင်နီယာများသည် လူများကို လေထဲကို ခေါ်ဆောင်နိုင်သည့် စက်များကို တီထွင်ရန် ကြိုးစားနေကြပါသည်မှာ ရာစုနှစ်များစွာ ရှိပြီဖြစ်သည်။ လေစွမ်းအားကို ထိန်းချုပ်အသုံးချ လည်ပတ်သော အတောင်ပံများသည် ပေါ့ပါးသော လေယာဉ်မှူးအခန်းကို အနည်းငယ်သော အားစိုက်မှူဖြင့် ကောင်းကင်သို့ ပျံသန်းနိုင်စေပြီး ယခုတွင် လည်ပတ်နိုင်ရန် သာမန်ကား ကုန်ကျစရိတ်ထက် မပိုတော့ပါ။ ဒီထက်ပို၍ ငှက်များကဲ့သို့ ဝေဟင်တွင် ဝဲပျံလိုသော တိုက်ရိုက် အတွေ့အကြုံ လိုချင်သူများသည် ယခုတွင် လေအဟုန် အသုံးပြု လေထီးဂလိုက်ဒါ (paragliders) (သို့) တောင်ပံဝတ်စုံ (wing suits) များဖြင့် ချောက်ကမ်းပါးအမြင့်မှ ခုန်ချကြသည်။ တောင်အာဖရိကရှိ သီးသန့်ပြေးလမ်း မလိုသော လေယာဉ်ငယ်၏ လေယာဉ်မှူး (Bush pilot) သည် သူ၏ စိတ်အားထက်သန်ခြင်းကို အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်း အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ လေယာဉ်အားဖြင့် အကောင်းဆုံး အလေ့အကျင့် ရရှိကာ သူသည် ပညာရှင် အဆင့်သို့ ရောက်ရှိလာပြီး အသေးငယ်ဆုံးသော နေရာများတွင် အတက်၊ အဆင်း ပြုလုပ်နိုင်သည်။ လေသင်္ဘော (zeppelin) ကြီးများ၏ ရွှေရောင်ခေတ်မှာ ဟင်းဒန်ဘာ့ခ် အဖြစ်ဆိုး (Hindenburg disaster) ကြီးကြောင့် ပျက်စီးမှူ ကြီးစွာဖြင့် အဆုံးသတ်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာ အကြာတွင် ဧရာမ လေသင်္ဘောများအား ပြန်လည် အသုံးပြုလာခြင်းကို တွေ့ကြုံရမည် ဖြစ်သည်။ များမကြာမီက စတင်၍ ရေရှည်တည်မြဲသော နည်းပညာများသည် ပျံသန်းမှူတွင် ကြီးမားသော အခန်းကဏ်ဍ မှ ပါဝင်လာပါသည်။ ဆွီဇာလန်မှ ရှေ့ဆောင်တီထွင်သူ ၂ဦး သည် သူတို့၏ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် ဆိုလာ အင်ပေါ့စ် ၂ (Solar Impulse Two) နှင့်အတူ နေစွမ်းအင် အသုံးပြုကာ လေကြောင်းဖြင့် ကမ္ဘာပတ်နိုင်ကြောင်းကို ပြသခဲ့ပြီး လမ်းတစ်လျှောက်တွင်လည်း ကမ္ဘာ့စံချိန်အသစ် အချို့ကို တင်နိုင်ခဲ့သည်။ ဂျာမနီတောင်ပိုင်းတွင် ရိုမေးနီးယား (Romania) မှ အင်ဂျင်နီယာ တစ်ဦးသည် အပျော်တမ်း လေယာဉ်မှူးများအတွက် အလွန်ပေါ့ပါးသော နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်အား (ultralight solar aircraft) တီထွင်ထုတ်လုပ်လျက် ရှိသည်။

https://memr.moe.edu.mm/en/video/mans-dream-of-flight/

Category

📚
Learning
Comments

Recommended