Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ မတ် ၂၁၊ ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာမှာ ထုလုပ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မှာ မတ်လ ၁၉ရက်နေ့၊ ည(၉)နာရီက ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

စည်တော်ကြီးကို အင်းတော်သချိုင်းဖျက်ရာက ရရှိလာတဲ့ ကုက္ကိုလ်သားနဲ့ ထွင်းထုခဲ့တာဖြစ်ပြီး ကျပ်သိန်း (၇၀)ခန့် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရက စည်တကာတို့ထက် လွန်ကဲသောစည်တော်ကြီး မဟာဘေရီ (သို့မဟုတ်) အဓိကဒုန္ဒုဘ ဟု အမည်သညာပေးထားပါတယ်။


ရိုက်ကူး - ဒီလှိုင်းဝင်း
တည်းဖြတ် - ရွှေလေး

Category

🗞
News
Comments

Recommended