Skip to playerSkip to main content
  • 8 years ago
မလွန်ဆန်နိုင်သော သဘာဝအမှန်တရား ရန်ပုံငွေ ဂီတကုသိုလ်ပွဲတော်ကို စက်တင်ဘာ ၁၆ ရက်ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲကို သန်လျင်မှာရှိတဲ့ သဘာဝတရားရိပ်သာက အဘိုးအဘွားတွေနဲ့ ခိုးကိုးရာမဲ့ လူမမာတွေအတွက် ရန်ပုံငွေ ရရှိဖို့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးသိန်းဝင်း၊ သန်းမြတ်စိုး၊ ဇော်ဝင်းရှိန် ၊ရင်ဂို မာရဇ္ဇ၊ တူးတူး၊ ဂျေမောင်မောင်၊ ဂရေဟမ် ၊စည်သူလွင် ၊ဂျီလတ် ၊သအို၊ ကြက်ဖ၊ စိုင်းအောင်ထီးခမ်း ဖြိုးပြည့်စုံ ၊အောင်ထက် ၊ရဲနောင်၊ ဥက္ကာဦး(မြင်းခြံ) ၊ချမ်းမြေ့ ၊ကော်နီ၊ ချောစုခင် ၊သျှီ ၊ စိုးပြည့်သဇင် အိုင်ရင်းဇင်မာမြင့် ၊ ထိုက်ထိုက်၊ ဝိုင်းလေး ၊နမ့်ချစ်နဒီဇော် ၊ပန်းရောင်ခြယ် ၊ပိုးမီ ၊ယွန်း ၊ ယုဝေဖြိုး၊ My Girl အဖွဲ့ ၊Tri Family အဖွဲ့ နဲ့ Future Music Child Band တို့ကပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ အဆိုတော် အများစုက မိဘမေတ္တာဘွဲ့ သီချင်းများ ၊ မေတ္တာတရားနှင့် ပတ်သတ်တဲ့ သီချင်း တွေကို သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

အဲဒီဖျော်ဖြေပွဲကို အပိုင်းနှစ်ပိုင်း ခွဲကာ ဖျော်ဖြေပေးခဲ့ပြီး ပထမပိုင်းအစီအစဉ်အပြီးမှာ အလှူရှင်အချို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့သလို အနုပညာရှင်များကလည်း စင်အောက်သို့ဆင်းပြီး အလှူခံခဲ့ကြပါတယ်။

ဖျော်ဖြေပွဲဝင်ပေါက်မှာလည်း အလှူငွေလက်ခံခဲ့ပြီး လက်မှတ်ရောင်းရငွေတွေ မပါဝင်ပဲ ပွဲနေ့မှာ လှူဒါန်းငွေ သိန်းတစ်ရာကျော် ရရှိကြောင်း အစီအစဉ်တင်ဆက်သူကကြေညာပေးခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲကို ဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပြီး အနုပညာရှင်တွေက အနုပညာကြေး မယူပဲ ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Category

🗞
News
Comments

Recommended