Skip to playerSkip to main content
  • 8 years ago
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ညီလာခံ ကျင်းပခဲ့တဲ့ မြေနေရာ အဆောက်အဦးတွေကို အိမ်ယာစီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်သွား ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၉ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ထွန်းပေါ်ပေါက်ရာ အဆောက်အအုံ မြေနေများကို အကျိုးရှိအောင် မည်သို့ ဆောက်ရွက်မည်ကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက မေးမြန်းခဲ့တာပါ။

အဆိုပါမြေနေရာကို ရန်ကုန်မြို့တော်အတွက် အကျိုးဖြစ်ထွန်းစေမဲ့မြေယာတွေဖြစ်ပေါ်လာဖို့အတွက် အခုအခါမှာတော့ မြို့ပြဖွံဖြိုးရေးစီမံကိန်းတွေ ရေးဆွဲထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက လွှတ်တော်မှာ ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလှမ်းများစွာပေါ်ထွက်လာဖို့နဲ့ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများစွာရရှိဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် လှည်းကူးမြို့နယ်ဒေသဖွံဖြိုးတိုးတက်ရေးနဲ့ ရန်ကုန်ုတိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ ဒုတိယ၀န်ကြီးက ဆက်ပြောပါတယ်။

စီမံကိန်းအကောင်းအထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်လင်းက အခုလို့ ပြောပါတယ်။

အဆိုပါလှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင် ညီလာခံကျင်းပခဲ့တဲ့ မြေနေရာမှာ ဧက ၆၀၀ အထိအကျယ်အ၀န်းရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News
Be the first to comment
Add your comment

Recommended