Skip to playerSkip to main content
  • 8 years ago
နာမည်ကျော် အကြားအမြင်ဆရာမအီးတီ (ခေါ်) ဒေါ်ဆွေဆွေဝင်းဟာ ဒီကနေ့ မနက် ၄ နာရီ ၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ် သီရိဟေမာလမ်း အမှတ် ၁ ရှိ နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆရာမ အီးတီ ကွယ်လွန်တဲ့ အချိန်မှာ အသက် ၅၈ နှစ် ရှိပြီ ဖြစ်ပြီး မသေဆုံးမီ အချိန် တချို့နဲ့ သေဆုံးပြီး နောက်မှာ ထူးခြားမှု တချို့ ရှိခဲ့တယ်လို့ ဆရာမအီးတီရဲ့ တူဖြစ်သူ ရုပ်ရှင် သရုပ်ဆောင် ကိုစည်ဖြိုးက ဆိုပါတယ်။ နောက်ပြီး ဆရာမ အီးတီဟာ သာမာန် လူတစ်ဦးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုနဲ့ မတူတဲ့သူ တစ်ဦး ဖြစ်တယ်လို့လဲ ကျန်းမာရေး အခြေအနေအပေါ် ကိုစည်ဖြိုးက ထပ်မံရှင်းပြခဲ့ပါတယ်။

ဗေဒင် ဆရာမ အီးတီရဲ့ ရုပ်အလောင်းကို လာမယ့် စက်တင်ဘာလ ၁၂ ရက် အင်္ဂါနေ့ နေ့လည် နှစ်နာရီမှာ ဂူသွင်းသဂြိုလ်သွားမယ်လို့ သိရပါတယ်။ ဆရာမ အီးတီဟာ မကွယ်လွန်ခင် အချိန်က အီးတီ မျက်စိ ခွဲစိတ်ကုသမှု ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး မျက်စိ လူနာပေါင်း များစွာကို ဆေးဝါးက အစ ခွဲစိတ်ကုသမှု စရိတ် ကုန်ကျမှုများစွာကို ကုသိုလ်ပြု လုပ်ဆောင်ခဲ့ပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Category

🗞
News
Comments

Recommended