Skip to playerSkip to main content
  • 9 years ago
အွန်လိုင်းပေါ်မှာ ပရိသတ်အားပေးမှုမြင့်တက်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ ဇွတ်ကျား ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ဒီကနေ့၊ ရန်ကုန်မြို့မှာရှိတဲ့ သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဇွတ်ကျား ရုပ်ရှင်ဇာတ်ကားဟာ ဟာသဇာတ်မြူးရုပ်ရှင်ကားကြီးဖြစ်ပြီး အွန်လိုင်းပေါ်မှာ ဇာတ်ကားနမူနာတင်ပြီး ငါးရက်အတွင်းမှာပဲ ကြည့်ရှုသူငါးသန်းကျော်သွားခဲ့တာပါ။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်ရှိုင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ မေ၊ ရတနာဗိုနဲ့ တခြားဟာသသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇွတ်ကျားရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုဇော် (အာရုဏ်ဦး)က ရိုက်ကူးထားတာဖြစ်ပြီး စက်တင်ဘာ ၂၉ရက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Comments

Recommended