Skip to playerSkip to main content
  • 8 years ago
လာမယ့်နှစ်မှာ ငြိမ်းချမ်းရေးနဲ့ ပြည်သူ့ ဘ၀ တိုးတက်ရေးကို အဓိက ထား လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့ရဲ့ ဒုတိယနှစ်မှာ အဓိက ဆောင်ရွက်သွားမယ့် အခြေအနေတချို့ကို သမ္မတ ဦးထင်ကျော်က အခုလို အသိပေး ပြောကြားခဲ့တာပါ။

သမ္မတကြီးနဲ့ သမတကတော်တို့ ဒီကနေ့ သွားရောက်ခဲ့တဲ့ သုံးခွခရီးစဉ်မှာ ပြောကြားခဲ့တာပါ။
အခု ခရီးစဉ်ဟာ ၂၀၁၇ နှစ်သစ်မှာ နှစ်သစ် အလှူဒါန ပြုလုပ်ရင်းပြည်သူကြားထဲ သွားရောက်ခဲ့တဲ့ ထိတွေ့ခဲ့တဲ့ ခရီးစဉ် တစ်ခုလည်း ဖြစ်ပါတယ်။

မကြာသေးတဲ့ ရက်ပိုင်းလောက်ကလည်း သမ္မတ ဦးထင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို သွားရောက်ခဲ့ပါသေးတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Comments

Recommended