Skip to playerSkip to main content
  • 8 years ago
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ တရုတ်စစ်သဘောင်္နှစ်စီးဟာ ဒီကနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက ပြန်လည်ထွက်ခွာသွားပါပြီ။ စက်တင်ဘာ ၃၀ ရက်ထဲက ရောက်နေတဲ့ တရုတ်စစ်သဘောင်္နှစ်စီးဟာ ငါးရက် အကြာမှာ ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
စစ်သင်္ဘောနှစ်စီးဟာ အေဒင်ပင်လယ်ကွေ့ ဆိုမာလီယာမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ပြီးနောက် အပြန်လမ်းမှာ မြန်မာနိုင်ငံကို ၀င်ရောက်လည်ပတ်တာလဲ ဖြစ်ပါတယ်။ ဒီစစ်ရေယာဉ်တွေဟာ တရုတ်ပြည်တွင်းထုတ် ဘက်စုံသုံးဖရီးဂိတ်စစ်ရေယာဉ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်က စတင်အသုံးပြုခဲ့ တာပါ။ အဲဒီအထဲကသဘောင်္ ၂၂ စီးဟာ အခုအချိန်ထိ တရုတ်ရေတပ်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၄ မေလကလည်း တရုတ်ရေတပ်က လေ့ကျင့်ရေး စစ်ရေယာဉ်နှစ်စီး သီလ၀ါဆိပ်ကမ်းကို လာရောက်ခဲ့ဖူးပြီး မြန်မာ ရေတပ်နှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News
Comments

Recommended