Skip to playerSkip to main content
  • 8 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတွေ ချက်ခြင်းဆောင်ရွက်နိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ ကျပ်နှစ်ဆယ် ဘီလီယံကို နိုင်ငံတော် အစိုးရက လက်ငင်းဖြည့်ဆည်းပေးမယ်လို့ နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။ ဒီလုပ်ငန်းအတွက် ပြည်ထဲရေးဝန်ကြီးဌာနကနေ ရန်ပုံငွေ တင်ပြတောင်းခံပြီး ကာကွယ်ရေး ဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမယ်လို့ ဆိုပါတယ်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း အတွက် ပြီးခဲ့တဲ့ ၂၀၀၉ - ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များ အတွင်း နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနဲ့ ဖြည့်စွက် ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ ( ၁၉၀ ) ကျော်ကို ခွင့်ပြုပေးခဲ့တယ်လို့လဲ ပါရှိပါတယ်။

ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ခြံစည်းရိုးကာရံတာနဲ့ ဆက်စပ်လုပ်ငန်းတွေ အတွက် ငွေကျပ် ခြောက် ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် နှစ်ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသလို ပြည်ထဲရေး ဝန်ကြီးဌာနမှ ကာကွယ်ရေး ဝန်ကြီးဌာန လုပ်ငန်း အပ်နှံဆောင်ရွက်ထားပြီးဖြစ်တယ်လို့လဲ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အရေးကြီးတဲ့ မေယုတောင်တန်းနှင့်အပြိုင် ဖောက်လုပ်မယ့် လမ်းမကြီးနှစ်လမ်း၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် မေယုတောင်ကျော်လမ်းမကြီး နှစ်လမ်းပါဝင်တဲ့ မေယုတောင်တန်းလမ်း ကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံးဖောက်လုပ်ဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ စတင် ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယ်စပ်ခြံစည်းရိုး ပျက်စီးနေတာတွေကို ပြုပြင်တာ၊ ကျန်နေတဲ့နေရာတွေကို အမြန်ဆုံးကာတာတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News
Be the first to comment
Add your comment

Recommended