Skip to playerSkip to main content
  • 8 years ago
ကမာရွတ်မြို့နယ် အမှတ်(၄)ရပ်ကွက် လှည်းတန်းဘူတာအနီးက ခုံးတံတားဘေးမှာ မွေးကင်းစ ကလေးငယ် အလောင်းတစ်လောင်း ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်က လာရောက်စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ကလေးငယ် အလောင်းကို အမှိုက်သိမ်းစည်ပင် ၀န်ထမ်းတစ်ဦးက စတွေ့ခဲ့တာပါ။ ရဲစခန်းကို ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ အကြောင်းကြားတာ ဖြစ်ပါတယ်။ စွန့်ပစ်သွားတဲ့သူကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ကမာရွတ် ရဲစခန်းက တာဝန်ရှိ ရဲအရာရှိတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖြစ်ပွားခဲ့တဲ့ ကလေး လာရောက်စွန့်ပစ်မှုတွေမှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီအရေးယူနိုင်မှု နည်းပါးကြောင်း သိရပါတယ်။
ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး

Category

🗞
News
Comments

Recommended