Skip to playerSkip to main content
  • 8 years ago
လူမှုကွန်ရက်တွင် ဟာသဗီဒီယိုများဖြင့် လူသိများသော သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင်လ ၂၅ ရက်နေ့မှာ အမှုရုတ်သိမ်းခွင့် ပြုလိုက်တဲ့အပေါ် မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဂယက်ရိုက်ခဲ့ပါတယ်။

လူမြင်သာတဲ့ နေရာတခုမှာ ရည်ရွယ်ချက်ရှိရှိ အသတ်ခံရတာကို ရုတ်သိမ်းခွင့်ပြုခဲ့တဲ့ မြန်မာ့ တရားစီရင်ရေးကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ကြလို့ နောက်ပိုင်းမှာ အစိုးရက ဒီအမှုကို ပြန်လည်စိစစ်မှု တဆင်ြ့မင့်တဲ့ တိုင်းတရားရုံးကနေ ပြန်စဖို့ ညွှန်ကြားခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဥပဒေပြု လွှတ်တော်ကိုယ်စား လှယ်တွေ လည်း ဖြစ်၊ ကိုယ်တိုင် ရှေ့နေလုပ်ခဲ့ဖူးသူတွေလည်း ဖြစ်တဲ့ အာဏာရ NLD ပါတီက ကိုယ်စားလှယ်တွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

Category

🗞
News
Comments

Recommended