Skip to playerSkip to main content
  • 8 years ago
ဧရာဝတီ၊ ဒီဇင်ဘာ ၆၊ ၂၀၁၈

မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေသည် လက်ရှိအခြေအနေတွင် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသည့် အခြေအနေဖြစ်သည်။ အပစ် မရပ်ရသေးသော အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်မှုမရှိသလို အပစ်ရပ်ထားသည့် အဖွဲ့များနှင့်လည်း တရားဝင် ဆွေးနွေးပွဲများပင် ရပ်ဆိုင်းနေလျက်ရှိသည်။

ထိုသို့သော အခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ မြန်မာ့ မဟာဗျူဟာ နှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် တို့၏ သဘောထားများကို မေးမြန်းထားသည်။

ရိုက်ကူး - ကျော်ခ

Category

🗞
News
Comments

Recommended