Skip to playerSkip to main content
  • 8 years ago
“မီးလေး ခဏမှိတ်ပေးပါ” ဆိုတဲ့ စကားသံနဲ့အတူ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ဟာ အခုဆိုရင်တော့ သရုပ်ဆောင်ကျော်ထက်အောင်ဖြစ်နေပါပြီ။

ဝါသနာပါရာ လမ်းကြောင်းတစ်ခုကိုလျှောက်လှမ်းဖို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတိုင်အောင် ကြိုးစားခဲ့ ပေမယ့်လည်း သူရည်ရွယ်ထားတဲ့အနေအထားတစ်ခုကိုမရောက်ရှိခဲ့ပါဘူး။

မော်ဒယ်လ်ဘဝ၊ ရေဒီယိုနောက်ခံစကားပြောသူ၊ အစီအစဉ်တင်ဆက်သူ စတာတွေနဲ့ သူ့ရဲ့ဘဝကို ဖြတ်သန်းခဲ့ပေမယ့် တကယ်ဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်တွေမဟုတ်ဘူးးဆိုတာကို သိလာခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခွဲကာလ အောင်ခေတ်မင်းဗီဒီယိုထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာတော့ ကျော်ထက်အောင်ဟာ ရည်ရွယ်ရာလမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းတစ်ကောင်းဖြစ်ချင်တဲ့ ကျော်ထက်အောင်ရဲ့ ဆယ်စုနှစ်တစ်ခုတာ ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ့တွေ၊ သရုပ်ဆောင်လောကထဲက အခက်အခဲတွေနဲ့အတူ အနုပညာလောကထဲမှာပဲ ရှင်သန်ချင်တဲ့ ကျော်ထက်အောင်ရဲ့အကြောင်းကို 7Day TV ရဲ့ အနုပညာကောက်ကြောင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Comments

Recommended