Skip to player
Skip to main content
Search
Connect
Watch fullscreen
Like
Bookmark
Share
More
Add to Playlist
Report
7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု
7Day TV
Follow
8 years ago
(၁) ဒေါ်အောင်ဆန်းစုကြည် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ မေလ ၁ ရက်မှာ ဥရောပသမဂ္ဂ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို တရားဝင် ခရီးအဖြစ် သွားရောက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်ကမှ အကြိမ် (၃၀)မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ရာကနေ ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုဥရောပခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ် ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
(၂) အလုပ်သမားဥပဒေတွေ ပြင်ဆင်တာ အသစ်ရေးတာတွေနဲ့ပတ်သက်လို့ ဝန်ကြီးဘာပြောသလဲ
အလုပ်သမားဥပဒေတွေကို ပြင်ဆင်ရေးဆွဲတာ အသစ်ရေးဆွဲတာတွေကို ဦးစားပေးအလိုက် လုပ်ဆောင်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာပါ။
ဒီကနေ့မှာ ကျရောက်တဲ့ (၁၂၇) နှစ်မြောက် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ MCCခန်းမမှာ အလုပ်သမား အဖွဲ့အစည်းတွေက ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်ချက်တွေကို ပြောကြားရာမှာ ဥပဒေတွေပြင်ဆင်ဖို့ကိစ္စကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထည့်သွင်းပြောဆိုခဲ့ တာပါ။
အလုပ်သမား ဥပဒေအရ အလုပ်သမားနဲ့ အလုပ်ရှင် အဖွဲ့အစည်းပေါင်း ၂၄၀၀ကျော် ဖွဲ့စည်းခွင့်ပြုခဲ့တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပြီး အလုပ်ရှင်အဖွဲ့နဲ့ အလုပ်သမား အဖွဲ့တွေဟာ အသီးသီး အားနည်းနေတာတွေရှိနေပြီး ပူးပေါင်းဖို့လိုနေကြောင်း ဆက်ပြောပါတယ်။
ဒီကနေ့ အခမ်းအနားမှာ လူကုန်ကူးမှုပပျောက်ရေး၊ အဓမ္မအလုပ်စေခိုင်းမှု ပပျောက်ရေး ကလေး သူငယ် အလုပ်စေခိုင်းမှု ပပျောက်ရေး ဆွေးနွေးပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေး ပွဲတွေကို ထည့်သွင်းကျင်းပခဲ့ပါတယ်။
(၃) စက်မှုဇုန်အလုပ်သမား သုံးထောင်ကျော် မေဒေးနေ့ အထိမ်းအမှတ် လမ်းလျောက်ချီတက်
ဒီကနေ့ကျရောက်တဲ့ အလုပ်သမားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမား သုံးထာင်ကျော် လမ်းလျှောက်ချီတက်တဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
လှိုင်သာယာ နဝဒေးအိမ်ရာ မှတ်တိုင်ကနေ ကနောင်ခန်းမအနီး မိုးလုံလေလုံ အားကစားကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။
အဲဒီအားကစားကွင်းမှာ ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေအချို့က အလုပ်သမားထုအတွက် အဆင်မပြေဖြစ်တာတွေ ရှိနေသေးတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အဆင်မပြေသေးတဲ့ ဥပဒေတွေကို ပြုပြင်ဖို့ ကြိုးစားမှာ ဖြစ်သလို အလုပ်ရှင်ရော အလုပ်သမားတွေပါ ဝိုင်းဝန်းဆောင်ရွက်ကြဖို့လည်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ချီတက်လမ်းလျှောက်ပွဲနဲ့ အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကဦးစီးပြုလုပ်တာဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ အလုပ်သမားတွေ အတွက် လုပ်ငန်းခွင်ဆိုင်ရာ အသိပညာပေးမှု ကျန်းမာရေး အသိပညာပေးမှုတွေကိုလည်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
(၄) အမေရိကန် ရေတပ်ကို ကူညီဖို့ ဂျပန်ရဲ့ အကြီးဆုံး စစ်သင်္ဘော စတင်ထွက်ခွာ
အမေရိကန် ရေတပ် လှုပ်ရှားမှုကို ထောက်ပံ့ ကူညီဖို့အတွက် ဂျပန်ရေတပ်ရဲ့ အကြီးမားဆုံး စစ်သင်္ဘောကြီး အီဇူမိုဟာ ဆိပ်ကမ်းက ထွက်ခွာသွားကြောင်း သိရပါတယ်။
ရဟတ်ယာဉ်တင် သင်္ဘောကြီး အီဇူမိုဟာ မေ ၁ ရက်မှာ ယိုကိုဆူကာ ရေတပ်စခန်းကနေ ထွက်ခွာသွားပြီး USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ် အုပ်စုအတွက် ထောက်ပံ့ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမေရိကန် တိုက်ရေယာဉ် အုပ်စုဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြတဲ့ အနေနဲ့ ကိုရီးယားကျွန်းဆွယ် တဝိုက်မှာ ဖြန့်ကျက်တပ်စွဲဖို့ စီစဉ်ထားပါတယ်။
အီဇူမိုဟာ အမေရိကန် တိုက်ရေယာဉ် အုပ်စုကို လောင်စာဆီ ဖြည့်တင်းပေးမယ့် ထောက်ပံ့ရေး သင်္ဘောတွေကို ခြံရံ လိုက်ပါသွားမယ်လို့ သိရပါတယ်။ ဒီသင်္ဘောကြီး ဂျပန်ဆိပ်ကမ်းကခွာဖို့ အထူးအမိန့်ကို ဂျပန် ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက တိုက်ရိုက် ပေးအပ်ခဲ့တာပါ။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပြည်စောင့် ကာကွယ်ရေးတပ် သဘောမျိုးသာ ဖွဲ့စည်းထားတဲ့ ဂျပန်စစ်တပ် အတွက်တော့ ဒါဟာ သမိုင်းဝင် စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကာကွယ်ရေး ဥပဒေ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့နောက် ဂျပန်စစ်မှုထမ်းတွေ အနေနဲ့ မဟာမိတ် နိုင်ငံတွေရဲ့ ကာကွယ်ရေးကဏ္ဍမှာ ပါဝင်ခွင့် ရှိလာပြီး အီဇူမိုက ဥပဒေသစ်နဲ့အညီ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတဲ့ ပထမဆုံး ဂျပန်ရေတပ်သင်္ဘော အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၄၉ မီတာ ရှည်လျားတဲ့ အီဇူမိုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဂျပန်က ပိုင်ဆိုင်တဲ့ အကြီးမားဆုံး စစ်သင်္ဘောလည်း ဖြစ်ပါတယ်။ ဒီသင်္ဘောကြီးပေါ်မှာ ရဟတ်ယာဉ် ကိုးစင်း အခြေစိုက် လိုက်ပါနိုင်ပြီး အမေရိကန် မရိန်းတွေ အသုံးပြုတဲ့ ကမ်းတက် ရေယာဉ် အကြီးစားတွေနဲ့ ဆင်တူပါတယ်။ အီဇူမိုဟာ ဂျပန်ရေတပ်မှာ စတင် တာဝန်ထမ်းဆောင်တာ ၂ နှစ်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။
Category
🗞
News
Show less
Comments
Add your comment
Recommended
1:51
|
Up next
ထိုင်းခေါက်မုန့် ခရတ်ပ် စားကြမယ်
7Day TV
8 years ago
4:22
ဆရာမအီးတီ ရုတ်တရက်ကွယ်လွန်
7Day TV
8 years ago
1:36
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကာဖို့ ကျပ်ဘီလီယံ ၂၀ အစိုးရက လက်ငင်းဖြည့်ပေးမယ်
7Day TV
8 years ago
7:09
ရန်ကုန်မြို့ ကို ကယ်တင်ခဲ့သူတယောက် အကြောင်း (ရုပ်/သံ)
irrawaddynews
7 years ago
2:28
ညောင်နှစ်ပင်ညီလာခံမြေနေရာကို အိမ်ယာစီမံကိန်းနဲ့ စီးပွားရေးအဆောက်အဦးတွေဆောက်မယ်
7Day TV
8 years ago
3:53
လယ်ယာမြေဥပဒေပြင်ဆင်ရေးနဲ့ တိုင်းရင်းသားမြေယာအခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
7Day TV
8 years ago
5:07
ရခိုင်တိုက်ပွဲတွေမှာ အရပ်သား သေဆုံးမှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန်အဆို တပ်ကိုယ်စားလှယ်များ ကန့်ကွက် (ရုပ်/သံ)
irrawaddynews
6 years ago
1:59
ပက်ခ်ဂွမ်ဟေးကို တောင်ကိုရီးယား သမ္မတအဖြစ်မှ ဖယ်ရှားရန် တရားရုံး ဆုံးဖြတ်
7Day TV
8 years ago
4:18
လိပ်ဥဝှက်တမ်း ကစားဖူးကြလား "လိပ်ဥပျောက်လို့ လိပ်မရှာ သူခမြာ ငိုမဲ့ ငိုမဲ့"
7Day TV
8 years ago
1:12
လောက်ကိုင်တိုက်ပွဲတွေကြောင့် နေရပ်ပြန်သူ ၂၅၀၀ ကျော် မန္တလေးသို့ရောက်လာ
7Day TV
8 years ago
0:56
အစိုးရအဖွဲ့ ဒုတိယနှစ်အတွက် သမ္မတကြီး ဘာပြောသလဲ
7Day TV
8 years ago
1:34
မနီလာမြို့၊ ဆင်းရဲသားရပ်ကွက် မီးဘေးကြောင့် မိသားစု ၇၅၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်
7Day TV
8 years ago
0:50
သင်္ကြန်နှင့် ရုံးပိတ်ရက်များအတွင်း ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး ယာယီ ရပ်နားထား (ရုပ်/သံ)
irrawaddynews
7 years ago
2:24
ဧရာဝတီ ရေကာတာ စီမံကိန်းကြောင့် နေအိမ် ၄၀၀ ကျော် ပြောင်းရွှေ့ရမည် (ရုပ်/သံ)
irrawaddynews
9 years ago
1:45
ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး စတင် (ရုပ်/သံ)
irrawaddynews
7 years ago
0:53
အလည်အပတ်ရောက်နေတဲ့ တရုတ်စစ်သင်္ဘောနှစ်စီးပြန်
7Day TV
8 years ago
3:09
နတ်ပွဲအစ ကျွန်းပင်က ဆိုတဲ့ ရွှေကျွန်းပင် မောင်နှမနတ်ပွဲ (ရုပ်/သံ)
irrawaddynews
7 years ago
15:41
ရန်ကုန်-ဒလ မြစ်ကူးတံတား ဧပြီလ စဆောက်မည်
irrawaddynews
8 years ago
1:55
သိုက်ကလာတဲ့အကြောင်းကို ပြောပြလာတဲ့ နေမင်း
7Day TV
8 years ago
0:51
အစိုးရပေးတဲ့ ထောက်ပံ့ကြေး တောင်သူတွေဆီ အပြည့်မရလို့ ဆန္ဒပြ
7Day TV
8 years ago
3:04
တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံများကို အသုံးမချရန် အဆို လွတ်တော်က အတည်ပြု (ရုပ်/သံ)
irrawaddynews
6 years ago
1:36
သရုပ်ဆောင် ကျော်သူတို့ ဇနီးမောင်နှံ်ရဲ့ ( ၃၆) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်
7Day TV
8 years ago
1:17
မနုစာရီအဖြစ် သရုပ်ဆောင်မယ့် ရွှေသမီး
7Day TV
8 years ago
1:13
လှည်းတန်းဘူတာနားက ခုံးတံတားအောက်မှာ မွေးကင်းကလေးအလောင်းစွန့်ပစ်ထား
7Day TV
8 years ago
3:04
တော်သလင်းလပြည့် အထိမ်းအမှတ် ရေကူး၊ ရေငုပ်နှင့် လှေလှော်ပြိုင်ပွဲ ကျင်းပ (ရုပ်/သံ)
irrawaddynews
6 years ago
Comments