Skip to playerSkip to main content
  • 6 years ago
လွန်ခဲ့သောနှစ်ပေါင်း(၂၀၀)ကျော်လောက်ကဂျာမန်သမားတော် Samuel Hahnemann သည် ဆေးလောကတွင် ဓာတ်ကြမ်းတိုက်ကုသနည်းတစ်မျိုးကို တီထွင်ခဲ့ပါသည်။ ဆေးပညာဖြင့် အလုပ်လုပ်သောသူများနှင့် သိပ္ပံပညာရှင်များသည် ရှေးရိုးဆွဲ ဆေးဝါးများနှင့် ပတ်သတ်၍ သေချာမရှင်းပြနိုင်ခဲ့ပါ။ သို့သော်လည်း လူများ၏ အသုံးပြုမှုသည် ဥရောပနိုင်ငံသာမက တစ်ခြားနိုင်ငံများသို့ပျံ့နှံ့လာခဲ့ပါသည်။ ဥပမာအနေဖြင့် India နိုင်ငံ၌ ဓာတ်ကြမ်းကုနည်းသည် ထင်ရှားလာပြီး ရှေးရိုးဆွဲ ဆေးများအတွက်ပါ အသုံးဝင်လာပါသည်။ ဓာတ်ကြမ်းကုထုံးနှင့်ပတ်သတ်၍ ရူပဗေဒပညာရှင်များသည်လူနာများအတွက် အကျိုးရှိစေသောနည်းလမ်းကို ရှာဖွေဖော်ထုတ်ခဲ့ပါသည်။ ဖျားနာခြင်း၏ အစသည် နေထိုင်မကောင်းဖြစ်ခြင်းကဖြစ်ပါသည်။ အပင်၊ တိရစ္ဆာန် နှင့် အခြားသော သတ္ထုပစ္စည်းများကို ရောစပ်လိုက်ခြင်းဖြင့် ကောင်းမွန်သော ဆေးဝါးများကိုရရှိနိုင်ပါသည်။ ထိုအကြောင်းအား ထောက်ခံသောသူပြောချက်အရ ဓာတ်ကြမ်းတိုက်ကုထုံးသည် ကိုယ့်ခန္ဓာကိုယ် အတွက်ခံနိုင်ရည်ရှိအောင် လုပ်နိုင်ပြီး ဆိုးကျိုးများမပေးနိုင်ပါ။ ထို့ကြောင့် ကင်ဆာရောဂါကိုလည်း တိုက်နိုင်ပါသည်။ တစ်ခြားဖက်၌ ဝေဖန်သူများရှိသော်လည်း သိပ္ပံပညာရှင်များသည် ဓာတ်ကြမ်းတိုက်ကုထုံး၏ အလုပ်လုပ်ပုံကို သက်သေမပြနိုင်ခဲ့ကြောင်းကိုသိရှိရပါသည်။

Category

📚
Learning
Comments

Recommended