Skip to playerSkip to main content
  • 6 years ago
ကြယ်များသည် သက်တမ်းကုန်ဆုံးသွားပြီးနောက် ပေါက်ကွဲသွားကာ အာကာသအတွင်း၌ အက်တမ်များအဖြင့် လွင့်စင်သွားပါသည်။ ထို့နောက် နေ နှင့် ကမ္ဘာကဲ့သို့ဂြိုလ်များ၊ ကြယ်အသစ်များ ဖြစ်ပေါ်လာသည်။ သက်ရှိအရာများသည် ကြယ်များသက်တမ်းကုန်၍ ဖြစ်ပေါ်လာသော အက်တမ်များဖြစ်သည်။ သို့သော် ကြယ်များနှင့် သက်ဆိုင်သော တစ်ခြားအရာများလည်းရှိသည်။ ကြယ်များသည် အာကာသအတွင်းသို့ ရောင်စဥ်တန်းများ ထုတ်လွှင့်ပေးသည်။ နဂါးငွေ့တန်းအတွင်းရှိ စွမ်းအားကြီးသော ရောင်စဥ်တန်းများသည် ကမ္ဘာပေါ်ရှိနေရာများတွင် နေ့ရောညပါ ကျရောက်နေသည်။ ကမ္ဘာတစ်၀န်း၌ ရှိသော နက္ခဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ နှင့် ဇီ၀ဗေဒပညာရှင်များသည် ထိုရောင်စဥ်တန်းများ၏ သဘာ၀ဖြစ်စဥ်ကို လေ့လာနေကြပါသည်။ အရင်အ၀ေး ကြည့်မှန်ပြောင်း ဖြင့်လေ့လာရာတွင် ထိုရောင်စဥ်တန်းများ ကို ရှာမတွေ့ခဲ့ပါ။ နောက်ပိုင်းတွင် ရူပဗေဒနည်းများဖြင့် Argentina တွင် နိုင်ငံတကာသုတေသန လုပ်ငန်းများဖြင့်ပေါင်းစည်း၍ လေ့လာခဲ့သည်။ သုတေသနပညာရှင်များ၏ အကြီးမားရှာဖွေ လေ့လာမှုကြောင့် အာကာသအပြင်ဘက်၌ ရှိသောအမှုန်အမွှားများကို ရှာဖွေနိုင်ခဲ့သည်။ Madrid မြို့အနီး Astrobiology စင်တာရှိ သိပ္ပံပညာရှင်များသည် စကြာ၀ဠာအတွင်းရှိ သက်ရှိအရာများ ပေါင်းစည်းမှုနှင့် DNA ကြောင့် ဖြစ်လာသော ရောင်စဥ်တန်းများကို လေ့လာကြသည်။ CERN ရှိ ရူပဗေဒပညာရှင်များ၊ Switzerland ရှိ European Nuclear စင်တာ ရှိ သုတေသနပညာရှင်များသည် ကမ္ဘာပေါ်ရှိ လေထု နှင့် ရာသီဥတုနှင့်ကျွန်ုပ်တို့သက်ရှိများပေါ် ရောင်စဥ်တန်းများ ကျရောက်သည့် မေးခွန်းကို ရှာဖွေနေကြသည်။

Category

📚
Learning
Comments

Recommended