ဆွာချောင်းတမံ ရေပိုလွှဲ ပေါက်ကျမှု လူထောင်ချီ၍ ဒုက္ခရောက်နေ (ရုပ်/သံ) ဧရာဝတီ၊ သြဂုတ် ၂၉၊ ၂၀၁၈ပဲခူးတိုင်း၊ တောင်ငူခရိုင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျရာမှ

  • 6 years ago
ဆွာချောင်းတမံ ရေပိုလွှဲ ပေါက်ကျမှု လူထောင်ချီ၍ ဒုက္ခရောက်နေ (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၂၉၊ ၂၀၁၈

ပဲခူးတိုင်း၊ တောင်ငူခရိုင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျရာမှ ရေတာရှည်မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရ ပါတယ်။ ရေကြီးမှုကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတားလည်း နိမ့်ကျသွားခဲ့လို့ အမြန်လမ်းဖြတ်သန်းမှုကို ယာယီ ပိတ်ထားခဲ့ရပါသေးတယ်။

အမြန်လမ်းသစ်မှာ အဲဒီလိုအခက်ကြုံနေသလို လမ်းဟောင်းကလည်း ရေလွှမ်းမိုးမှုခံခဲ့ရပါတယ်။

ဒီရေကြီးမှုဖြစ်စဉ်ကြောင့် ဒီကနေ့မနက် ၁၀ နာရီအထိ ရရှိထားတဲ့ စာရင်းအရ ရတာရှည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၄ စုမှ အိမ်ထောင်စု ၁၂၄၂၁ စုတွင် လူဦးရေ ၅၄၂၀၁ ဦး ရေနစ်မြှုပ်မှုခံနေရကြောင်း ပဲခူးတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မှ ဧရာဝတီကို အတည်ပြု ပြောဆိုထားပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်/ ကျော်မျိုး

Recommended