ရခိုင်အရေး အခြေအနေဆိုးလာပါက အစိုးရနှင့် တပ်မတော် ထိပ်တိုက်တွေ့နိုင် (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၁၁ ၊ ၂၀၁၈ရခိုင်အရေး အခြေအနေ ဆိုးလာပြီး တပ်မတော်၏ လုပ်ပိုင်ခွင့် အ

  • 6 years ago
ရခိုင်အရေး အခြေအနေဆိုးလာပါက အစိုးရနှင့် တပ်မတော် ထိပ်တိုက်တွေ့နိုင် (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၁၁ ၊ ၂၀၁၈

ရခိုင်အရေး အခြေအနေ ဆိုးလာပြီး တပ်မတော်၏ လုပ်ပိုင်ခွင့် အချုပ်အခြာအာဏာကို ထိပါးလာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တို့တာဝန် အရေး ၃ ပါးကို ကာကွယ်ရမည့် တပ်မတော်နှင့် အစိုးရ တို့ အကြား ထိပ်တိုက် တွေ့ဆုံနိုင်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ရက်နေ့က ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တဦးအပါအဝင် အဖွဲ့ဝင် ၃ဦး ပါဝင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်းမည်ဟု နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ထို နိုင်ငံတကာမှ ပုဂ္ဂိုလ်တဦး ထည့်သွင်းဖွဲ့စည်းမည့်အရေးကို အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်ကြောင်း အရေးကြီး အဆိုတခု တင်သွင်းခဲ့ပြီး ယနေ့ဆွေးနွေးရာ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်နှင့် ရခိုင် အမျိုးသား ပါတီ (ANP) တို့မှ အမတ်များက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

သို့သော် ကြံခိုင်ရေးပါတီ၏ အဆိုကို NLD လွှမ်းမိုးသည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားခဲ့သည်။

ရိုက်ကူး-ထက်နိုင်ဇော်၊မိုးမိုး

Recommended