အုတ်ဖို ဆေးရုံထဲရေတွေဝင်လို့ လူနာတွေ အရေးပေါ်ပြောင်းရွှေ့ရ (ရုပ်/သံ)ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၈ပဲခူးတိုင်း အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရေကြီးမ

  • 6 years ago
အုတ်ဖို ဆေးရုံထဲရေတွေဝင်လို့ လူနာတွေ အရေးပေါ်ပြောင်းရွှေ့ရ (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၈

ပဲခူးတိုင်း အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရေကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက် ၆ ခုနဲ့ ကျေးရွာ ၃၂ ရေနစ်မြှုပ်မှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းပေါင်း ၂၅ ကျောင်း ယာယီပိတ်ထားခဲ့ရပါတယ်။

အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံမှာလည်း ရေတွေဝင်လို့ လူနာတွေကို နေရာရွှေ့ပြောင်း ခဲ့ရသလို အုတ်ဖိုမြို့နယ် မြို့မ ရဲစခန်း ဗဟိုကင်းမှာရှိတဲ့ အချုပ်သား ၁၆ ဦးနဲ့ မ တဦးကို လည်း ရေလွတ်ရာနယ်မြေရဲကင်း ကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဧရာဝတီက စုံစမ်းသိရှိထားချက်အရ ရေကြီးမှုဖြစ်စဉ်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့သလို ဆယ်တန်း ကျောင်းသားတဦး ရေဆင်းကူးရင်း ရေစီးနဲ့ မျောပါပျောက်ဆုံးနေကြောင်းသိရပါတယ်။

ရိုက်ကူး - ကောင်းမြတ်မင်း

Recommended