တပ်မတော် Facebook အကောင့်များ အပိတ်ခံရမှု တုန့်ပြန်ရန် တိုက်တွန်းသည့် အရေးကြီး အဆို လွှတ်တော်က ပယ်ချ (ရုပ်/သံ) ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၈ လူမှုကွန်ရက် Facebook က

  • 6 years ago
တပ်မတော် Facebook အကောင့်များ အပိတ်ခံရမှု တုန့်ပြန်ရန် တိုက်တွန်းသည့် အရေးကြီး အဆို လွှတ်တော်က ပယ်ချ (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၈

လူမှုကွန်ရက် Facebook က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် လူမှုကွန်ရက်များနှင့် မြဝတီ အကောင့်တို့အား ပိတ်သိမ်းလိုက်မှုသည် နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်၍ တုန့်ပြန်ကန့်ကွက်ပေးရန် အရေးကြီးအဆိုတခုကို ကြံ့ခိုင်ရေးပါတီက တင်ပြခဲ့ရာ ပြည်သူ့ လွှတ်တော်က ပယ်ချခဲ့သည်။

အရေးကြီးအဆို၏ အင်္ဂါရပ်ဖြစ်သည့် လတ်တလော ဖြစ်ခြင်း၊ အများနှင့် သက်ဆိုင်ခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် လိုအပ်ခြင်း စသည့်တို့နှင့် မညီညွှတ်၍ ပယ်ချရခြင်းဟု လွှတ်တော်က အကြောင်းပြခဲ့ကြောင်း အဆိုရှင် ကြံ့ခိုင်ရေး ပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ

Recommended