ရန်ကုန်တိုင်းဒေသကြီး၏ Citizen's Budget ကို ပထမဆုံးအကြိမ် ထုတ်ဝေ (ရုပ်/သံ)ဧရာဝတီ ၊ သြဂုတ် ၂၅ ၊ ၂၀၁၈ရန်ကုန်တိုင်းဒေသကြီး၏ ပြည်သူ့အတွက် ရသုံးမှန်းခြေငွေစာရင်း

  • 6 years ago
ရန်ကုန်တိုင်းဒေသကြီး၏ Citizen's Budget ကို ပထမဆုံးအကြိမ် ထုတ်ဝေ (ရုပ်/သံ)

ဧရာဝတီ ၊ သြဂုတ် ၂၅ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး၏ ပြည်သူ့အတွက် ရသုံးမှန်းခြေငွေစာရင်း (Citizen's Budget) ဆိုင်ရာ အချက်အလက်များကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ (ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာရေးနှစ်တို့ကို တပေါင်းတည်း ပထမဆုံးအကြိမ် ထုတ်ဝေလိုက်သည်။

ရသုံးမှန်းခြေငွေစာရင်း ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ၊ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)၊ ရငွေ ၊သုံးငွေနှင့် လိုငွေအခြေအနေ ၊ အကောက်အခွန်ရငွေ၊အခွန်ဝေစု၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ပညာရေး အသုံးစရိတ် ၊ကျန်းမာရေးအသုံးစရိတ် ၊ လမ်းလုပ်ငန်း ၊ မီးလင်းရေးနှင့် ရေရရှိရေးတို့၏ အသုံးစရိတ်များကို ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ Renaissance Institute နှင့် The Asia Foundation တို့မှ ပူးပေါင်းထုတ်ဝေခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်- အဲမလီ

Recommended