Skip to playerSkip to main content
  • 9 years ago
တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကိုတော့ လာမယ့် ဧပြီလ ၁၀ ရက်မှာ မန္တလေးမှာရှိတဲ့ မန္တလာ သီရိအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မွေးနေ့တိုင်းကို ရန်ကုန်ပရိသတ်တွေနဲ့ ဖြတ်သန်းခဲ့ပေမယ့် ဒီနှစ်မှာတော့ မန္တလေးပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ စီးရီးတွေထဲက သီချင်းအပုဒ် ၄၀ လောက်လောက်ကို ရွေးချယ်သီဆိုသွားမှာဖြစ်ပြီး တေးသံရှင် ကောင်းမြတ်၊ ငယ်ငယ်၊ သီရိဆွေ၊ ဘန်နီဖြိုး ၊ Snare ၊ G – Fatt စတဲ့ တေးသံရှင်တွေက ပါဝင်အားဖြည့်ပေးမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ ကိုးထောင်ကျပ်သတ်မှတ်ထားပြီး မတ်လ ၃၁ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Comments

Recommended