Skip to playerSkip to main content
  • 9 years ago
ဒေါ်အောင်ဆန်းစုကြည် အနောက်နိုင်ငံခရီးစဉ်ပြန်လာပြီးနောက် ကျန်းမာရေးမကောင်းတာကြောင့် ဘီးတပ်ကုလားထိုင်နဲ့ လေဆိပ်ထဲပြန်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် သူ့ကျန်းမာရေးကို စိုးရိမ်မှုတွေရှိခဲ့ပါတယ်။
ဒီနေ့ စက်တင်ဘာ ၃၀ ရက်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ်ကျင်းပမယ့် (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံမှာ မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းနဲ့ AIPA အတွင်းရေးမှုးတို့နဲ့ အတူ ရွှေမောင်းကိုးချက်ကို တစ်ယောက်သုံးချက်စီအောင်စည်အောင်မောင်းထုပြီး ညီလာခံဖွင့်လှစ်ခဲ့ပါတယ်။ မောင်းထုရာမှာ အားပြည့်အင်ပြည့်ထုလိုက်တာကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကိုခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended