Skip to playerSkip to main content
  • 6 years ago
ကျွန်ုပ်တို့အများစုသည် အာကာသကိုခရီးထွက်ရန်၊ အလေးချိန်မဲ့ခံစားမှုကိုတွေ့ကြုံရန် နှင့် ကျွန်ုပ်တို့ ကမ္ဘာမြေကို အပြင်မှတွေ့နိုင်ရန် သိရှိချင်ကြသည်။ အားစိုက်ထုတ်မှုနှင့်အန္တာရယ်ရှိသော်ငြားလည်း ကမ္ဘာမြေမှထွက်ခွာရန် စိတ်ဆန္ဒရှိနေဆဲဖြစ်သည်။ တောင့်တနေသူတို့အတွက်တော့ အာကာသသည် နေရာတစ်နေရာအဖြစ်ရှိနေဆဲဖြစ်သည်။ အာကသတွင် တကယ်နေထိုင်မည်ဆိုလျှင် သိပ္ပံစိတ်ကူးယဥ်၀တ္တုလောကတစ်ခု မဖြစ်နိုင်တော့ပေ။ ၁၉၆၈ခုနှစ်တွင် ဆိုဗီယက်နိုင်ငံ၏အာကာသဌာန အမ်အိုင်အာလ် (MIR) ကို လွှတ်တင်ခြင်းနှင့်အတူ လူသားတွေသည် အာကာသတွင် တည်ထောင်နိုင်ရန် စတင်ခဲ့ကြသည်။၂၀၀၀ခုနှစ် နို၀င်ဘာကတည်းက MIR နောက်ပေါ်တွင် နိုင်ငံတကာ အာကာသဌာန (ISS) သည် တစ်ကမ္ဘာလုံးတွင်ရှိသော အာကာသမှူးများအတွက် အလုပ်လုပ်ပြီးနေထိုင်နိုင်သော နေရာတစ်ခုအဖြစ် ဆက်တိုက်အသုံးပြုခဲ့သည်။ သူတို့၏သိပ္ပံလုပ်ငန်းတာ၀န်များကိုထပ်လောင်းလုပ်ဆောင်နိုင်ရန် သူတို့သည် အာကာသတွင် ရေရှည်နေနိုင်သည့် အချိန်ကာလ အကျိုးသက်ရောက်မှုကို စမ်းသပ်ခဲ့သည်။ ဆွဲအားနည်းသည့်နေရာတွင် ရိုးရှင်းသည့် စားခြင်း, အိပ်ခြင်း နှင့် ရေချိုးခြင်းများကိုပင် သင်ယူလုပ်ဆောင်ရသည်။ ၂၀၀၁ခုနှစ်တွင် ISSသည် ပထမဆုံး ဒေါ်လာသန်း၂၀ ရှိသည့် အပျော်စီးခရီးသည်တင်ယာဥ်၇စီးပျံသန်းပြီးနောက် ၎င်းသည် အာကာသခရီးသွား ကဏ္ဍတစ်ခု ဖြစ်ပေါ်လာသည်။ ပုဂ္ဂလိကကုမ္ပဏီများစွာသည် တစ်လအချိန်ကြာ ပြင်ဆင်ခြင်းမလိုဘဲ စျေးနှုန်းသက်သာစွာဖြင့် အာကာသအတွင်း မျက်လှည့်ဆန်နယ်မြေသစ်ကိုဖြတ်သန်းသည့် ပတ်လမ်း တ၀က် ခရီးစဥ်ကမ်းလှမ်းခြင်း စသည်ဖြင့် ခရီးစဥ်ဆွဲကြသည်။ တနေ့နေ့တော့ အာကာသမှူးများသည် ကျွန်ုပ်တို့အတွက် မားစ်ဂြိုလ်ပေါ်တွင်နေထိုင်နိုင်ဖို့ရန် စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ ကမ္ဘာ့ပတ်လမ်းအောက်တွင် သီးသန့်နေခြင်းသည် တကယ့်ကို မထူးဆန်းသော နေရာတခုဖြစ်လာသည်။

https://memr.moe.edu.mm/video/living-in-space/

Category

📚
Learning
Be the first to comment
Add your comment

Recommended