Skip to playerSkip to main content
  • 6 years ago
သဘာဝ ကုသခြင်းများ ဟုသိထားသော ကုသနည်းများသည် ယခင်ကထက် ယနေ့ခေတ်တွင် တောင်းဆိုချက် ပို၍များလာပါသည်။ အခြားနေရာများထက် တောင်အာဖရိကရှိ သဲကန္တာရလို ဖော်ရွေမှူ မရှိသော ဒေသသည် ဆေးဖက်ဝင်အပင်များ၏ ရတနာသိုက်သဖွယ် အဖြစ်ရှိနေခြင်းကို သိလိုက်ရသော အချို့သော လူများအတွက် အံ့အားသင့်ဖွယ် အရာပင်ဖြစ်သည်။ စင်စစ် ၎င်းနေရာသည် အပင်မျိုးစိတ်ပေါင်း ၁၂၀၀ ကျော်များ၏ ပေါက်ဖွားရာနေရာဖြစ်ပြီး၊ အများစုကို တိုင်းရင်းဆေး ဆရာများမှ သားစဉ်မြေးဆက် အသုံးပြုခဲ့ကြသည်။ ဂျာမန် ဇာစ်မြစ်၏ နမ်မီဘီယန်း သမားတော် အဘ်ဘယ်ဟာ ဗွန် ကိုနန် (Eberhard von Koenen) သည် ထိုအပင်များစွာထဲမှ အပင် ၆၀၀ ခန့်ကို မှတ်တမ်းတင်ပြီး ပုံဆွဲထားပါသည်။ ထိုအကျိုးရှိသော အပင်များအကြောင်းကို အနောက်တိုင်း သိပ္ဗံပညာမှ ရှာဖွေတွေ့ရှိခဲ့ပြီး အခုချိန်တွင် “ကန္တာရ ဆေးဆိုင်” ကို ၎င်းတို့သည် မျက်စိကျနေပါသည်။ မာရ်နတ်လက်သည်း အပင်အကြောင်းကို တစ်ချိန်မဟုတ် တစ်ချိန် လူတိုင်းနီးပါး ကြားဖူးနေမှာပါ။ ၎င်းသည် အဆစ်ရောင်ရောဂါ နှင့် အခြား အဆစ်များ၏ ရောင်ရမ်းနာများအတွက် ထိရောက်သော ဆေးတစ်ခွက် ဖြစ်သည်ဟု မှတ်ယူကြသည်။ မာရ်နတ်လက်သည်းမှ ထုတ်ယူ၍ ရသော အဆီသည် အဆစ်ရောင်ရောဂါ နာကျင်မှူကို ၆၀% အထိ လျှော့ချပေးသည်ဟု ဆေးပညာအရ သက်သေပြခဲ့ပြီး ဖြစ်သည်။ ပါလဲဂိုနီယမ် ရယ်နီဖောန် (pelargonium reniforme) ဟု ခေါ်သည့် သေးငယ်ပြီး အန္တရာယ်မပေးသော အပင်၏ အံ့အားသင့်ဖွယ်ကောင်းသော ကုသခြင်း စွမ်းအားကြောင့် အုတ်အုတ် ကျက်ကျက် ဖြစ်စေသည်။ ထိုကန္တာရ ကြွေပန်း၏ အမြစ်များသည် ဗိုင်းရပ်စ် နှင့် ဘက်တီးရီယား များကို ကာကွယ်ပေးသော ဂုဏ်သတ္တိများ ရှိသည်ကို ခေတ်သစ် လက်တွေ့လေ့လာမှူများက အတည်ပြုပေးပါသည်။ ထိုအပင်သည် အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ပဋိဇီဝဆေး အစား အမှန်ပင် ရွေးချယ်စရာ ဖြစ်သည်။ ထို့အပြင် ထိုအမြစ်စေးတွင် ပါဝင်သည့် ကူရာမင်ဓါတ် (cumarins) သည် ကိုယ်ခံအားကို မြင့်တက်စေပါသည်။

https://memr.moe.edu.mm/video/the-desert-pharmacy/

Category

📚
Learning
Be the first to comment
Add your comment

Recommended