Skip to playerSkip to main content
  • 7 years ago
အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်
***************************
အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ စာကြည့်တိုက်ကို ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ကုန်သည်လမ်းမပေါ် တွင်ဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး အဆောက်အဦးသစ် ပြန်လည်မွမ်းမံတည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှ စတင် လုပ်နေခြင်း ဖြစ်သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦးတွင် ဝင်ပေါက် နှစ်ပေါက်၊ အထပ် လေးထပ်ပါရှိမှာ ဖြစ်ပြီး မြေညီထပ်တွင် ပြပွဲ ကျင်းပပြုလုပ်နိုင်မည့် ခန်းမ၊ ဂျပန်နိုင်ငံမှ TRC ကုမ္ပဏီ နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ရှားပါး ပေပုရပိုဒ်များကို ပြသထားမည့် ပြတိုက် တို့ပါဝင်သည့် အပြင် ၁၉၆၂ မတိုင်မီ မှ ၂၀၁၂ ခုနှစ် အထိ ထုတ်ဝေထားသည့် စာအုပ်၊ မဂ္ဂဇင်း နှင့် ဂျာနယ်များကို စင်ပိတ်စနစ်ဖြင့် ထားရှိမည် ဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး
(zawgyi)

အမ်ိဳးသား စာၾကည့္တိုက္ (ရန္ကုန္) အား၂၀၂၀ ခုႏွစ္ ဧၿပီလကုန္ပိုင္းတြင္ ဖြင့္မည္
***************************
အမ်ိဳးသား စာၾကည့္တိုက္ (ရန္ကုန္) အား၂၀၂၀ ခုႏွစ္ ဧၿပီလကုန္ပိုင္းတြင္ ဖြင့္လွစ္သြားမည္ဟု သိရသည္။ အဆိုပါ စာၾကည့္တိုက္ကို ၃၁ လမ္း ႏွင့္ ၃၂ လမ္းၾကား၊ ကုန္သည္လမ္းမေပၚ တြင္ဖြင့္လွစ္ရန္ လုပ္ေဆာင္ေနၿပီး အေဆာက္အဦးသစ္ ျပန္လည္မြမ္းမံတည္ေဆာက္မႈ လုပ္ငန္းမ်ားကို ၂၀၁၇ ခုႏွစ္ ဇူလိုင္လမွ စတင္ လုပ္ေနျခင္း ျဖစ္သည္။

အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) အေဆာက္အဦးတြင္ ဝင္ေပါက္ ႏွစ္ေပါက္၊ အထပ္ ေလးထပ္ပါရွိမွာ ျဖစ္ၿပီး ေျမညီထပ္တြင္ ျပပြဲ က်င္းပျပဳလုပ္ႏိုင္မည့္ ခန္းမ၊ ဂ်ပန္ႏိုင္ငံမွ TRC ကုမၸဏီ ႏွင့္ အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) တို႔ ပူးေပါင္းေဆာင္႐ြက္ထားသည့္ ရွားပါး ေပပုရပိုဒ္မ်ားကို ျပသထားမည့္ ျပတိုက္ တို႔ပါဝင္သည့္ အျပင္ ၁၉၆၂ မတိုင္မီ မွ ၂၀၁၂ ခုႏွစ္ အထိ ထုတ္ေဝထားသည့္ စာအုပ္၊ မဂၢဇင္း ႏွင့္ ဂ်ာနယ္မ်ားကို စင္ပိတ္စနစ္ျဖင့္ ထားရွိမည္ ျဖစ္သည္။
႐ိုက္ကူး/တည္းျဖတ္ - ဟိန္းသက္ဦး

Category

🗞
News
Comments

Recommended