Skip to playerSkip to main content
  • 7 years ago
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အစ္စရေးတို့ ပူးပေါင်းပြီး ဂီတဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
------------------------------
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အစ္စရေးနိုင်ငံသံရုံးတို့ ပူးပေါင်းပြီး အစ္စရေး ပလွေ တူရိယာပညာရှင်နှင့် ဂီတဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဇန်န၀ါရီ ၂၉ ရက် ကကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက်လည်း ယခုကဲသို့ ပြည်ပပညာရှင်များနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခြင်းကြောင့် အနောက်တိုင်း၏ ဂီတပညာများကိုလည်း လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးမြတ်သူရ ကပြောသည်။

ရိုက်ကူး/တည်းဖြတ်-မိုးမြင့်ဇော်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54338

Category

🗞
News
Comments

Recommended