ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်

  • 5 years ago
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်
*************************
တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူများအနက်မှ ၅ဦးကို ပုဒ်မ နှစ်ခုဖြင့် ဇူလိုင်လ ၂၃ရက်နေ့က ဗိုလ်တထောင် မြို့နယ် တရားရုံး၌ တရားစွဲဆိုလိုက်သည်။
တရားစွဲတင်ခံရသူ ၅ ဦးမှာ မနီလာသိန်း (၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ ရှားယမုံ(အသံအဖွဲ့)၊ နန်းလင်း (ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ နိုင်ကိုသူ (ဒေါင်းတို့မျိုးဆက်)၊ မင်းဟန်ထက် (ဒဂုံတက္က သိုလ်ကျောင်းသားများသမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59066
ရိုက်ကူး/တည်းဖြတ် - ကရိုင်နူးရာ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended