Skip to playerSkip to main content
  • 8 years ago
ေမြထိုင္းလက္ေဝွ႕သမားနဲ႕ ထိုးသတ္မယ့္တေက်ာ႕ျပန္ထြန္းထြန္းမင္း

ဇူလိုင္ - ၁၈ ၊၂၀၁၈

ရိုးရာလက္ေဝွ႕ ခ်န္ပီယံေဟာင္း ထြန္းထြန္းမင္းနဲ႕ ေမြထိုင္းလက္ေဝွ႕မွာ နာမည္ႀကီးတဲ့ ဆိုင္းေယာ့ တို႕ဟာ ဒီလ ၂၂ ရက္ေန႕မွာေတာ့ သိမ္ျဖဴ အားကစားကြင္းမွာ ယွဥ္ၿပိဳင္ထိုးသတ္ေတာ့မွာပါ ။

ထြန္းထြန္းမင္းဟာ လက္ေဝွ႕ေလာကကေန အနားယူထားတာ နွစ္နွစ္နီးပါး ရိွၿပီး ျဖစ္ၿပီး အခုထိုးသတ္မယ့္ ပြဲစဥ္ဟာအနားယူၿပီးတဲ့ေနာက္မွာ ပထမ ဆုံးအႀကိမ္ျပန္လည္ထိုးသတ္မယ့္ပြဲစဥ္လည္းျဖစ္ပါတယ္ ။

ဒူးအရြတ္ဒဏ္ရာေၾကာင့္အနားယူခဲ့တာျဖစ္ေပမယ့္ လာမယ့္ပြဲစဥ္အတြက္ ၾကံခုိင္ေရးေကာင္းေအာင္ ျပင္ဆင္ ထားတယ္လုိ႕လည္း ထြန္းထြန္းမင္းက ဆိုပါတယ္ ။

လက္ရိွ မွာ အသက္ ၂၇ ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ထြန္းထြန္းမင္းဟာ လာမယ့္ သုံးနွစ္ေလာက္မွာေတာ့ လက္ေဝွ႕ေလာက ကေန အနားယူဖို႕စီစဥ္ထားသူလည္းျဖစ္ပါတယ္ ။

လက္ေဝွ႕ ေလာကကိုေက်ာမခိုင္းခင္မွာ လက္ရိွ နာမည္ႀကီး လက္ေဝွ႕ေဒ့ဗ္ကို အနိုင္ယူဖို႕ ျပန္လည္စိန္ေခၚ ထိုးသတ္ဖို႕ စိိတ္ဆႏၵရိွေနသူပါ ။

ေမြးထိုင္းမွာနာမည္ႀကီးတဲ့ ဆိုင္းေယာ့ဟာ ထိုးပြဲေပါင္း ၂၅၉ ပြဲ႐ွိၿပီး၊ ၂၁၄ ပြဲႏိုင္၊ ၄၅ ပြဲရံႈးနိမ့္ထားသူ ျဖစ္ပါတယ္။

ထြန္းထြန္းမင္းကေတာ့စိန္ေခၚပြဲ ၄၀ ေက်ာ္ ကစားထားၿပီး၊၃၇ ပြဲႏိုင္၊ ၂ ပြဲရံႈး၊ တစ္ပြဲ သေရ ရ႐ွိထားတာပဲ ျဖစ္ပါတယ္။

႐ုပ္သံသတင္းေထာက္ - ယဥ္မြန္

#ထြန္းထြန္းမင္း #လက္ေဝွ႕ #ေမြ႕ထိုင္း #ဆိုင္းေယာ့ #7DAY TV

(Unicode)

မွေထိုင်းလက်ဝှေ့သမားနဲ့ ထိုးသတ်မယ့်တကျော့ပြန်ထွန်းထွန်းမင်း

ဇူလိုင် - ၁၈ ၊၂၀၁၈

ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ထွန်းထွန်းမင်းနဲ့ မွေထိုင်းလက်ဝှေ့မှာ နာမည်ကြီးတဲ့ ဆိုင်းယော့ တို့ဟာ ဒီလ ၂၂ ရက်နေ့မှာတော့ သိမ်ဖြူ အားကစားကွင်းမှာ ယှဉ်ပြိုင်ထိုးသတ်တော့မှာပါ ။

ထွန်းထွန်းမင်းဟာ လက်ဝှေ့လောကကနေ အနားယူထားတာ နှစ်နှစ်နီးပါး ရှိပြီး ဖြစ်ပြီး အခုထိုးသတ်မယ့် ပွဲစဉ်ဟာအနားယူပြီးတဲ့နောက်မှာ ပထမ ဆုံးအကြိမ်ပြန်လည်ထိုးသတ်မယ့်ပွဲစဉ်လည်းဖြစ်ပါတယ် ။

ဒူးအရွတ်ဒဏ်ရာကြောင့်အနားယူခဲ့တာဖြစ်ပေမယ့် လာမယ့်ပွဲစဉ်အတွက် ကြံခိုင်ရေးကောင်းအောင် ပြင်ဆင် ထားတယ်လို့လည်း ထွန်းထွန်းမင်းက ဆိုပါတယ် ။

လက်ရှိ မှာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထွန်းထွန်းမင်းဟာ လာမယ့် သုံးနှစ်လောက်မှာတော့ လက်ဝှေ့လောက ကနေ အနားယူဖို့စီစဉ်ထားသူလည်းဖြစ်ပါတယ် ။

လက်ဝှေ့ လောကကိုကျောမခိုင်းခင်မှာ လက်ရှိ နာမည်ကြီး လက်ဝှေ့ဒေ့ဗ်ကို အနိုင်ယူဖို့ ပြန်လည်စိန်ခေါ် ထိုးသတ်ဖို့ စိိတ်ဆန္ဒရှိနေသူပါ ။

မွေးထိုင်းမှာနာမည်ကြီးတဲ့ ဆိုင်းယော့ဟာ ထိုးပွဲပေါင်း ၂၅၉ ပွဲရှိပြီး၊ ၂၁၄ ပွဲနိုင်၊ ၄၅ ပွဲရှုံးနိမ့်ထားသူ ဖြစ်ပါတယ်။

ထွန်းထွန်းမင်းကတော့စိန်ခေါ်ပွဲ ၄၀ ကျော် ကစားထားပြီး၊၃၇ ပွဲနိုင်၊ ၂ ပွဲရှုံး၊ တစ်ပွဲ သရေ ရရှိထားတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

#ထွန်းထွန်းမင်း #လက်ဝှေ့ #မွေ့ထိုင်း #ဆိုင်းယော့ #7DAY TV

Category

😹
Fun
Comments

Recommended