Skip to playerSkip to main content
  • 7 years ago
မင္းသားေတြနဲ႔ သ႐ုပ္ေဆာင္ေၾကး တန္းတူ ရလာေတာ့မယ့္ စကားလက္ဂ်ိဳဟန္ဆန္

ေအာက္တိုဘာ - ၁၃ ၊၂၀၁၈

စကားလက္ ဂ်ိဳဟန္ဆန္ဟာ Marvelရဲ႕ စူပါဟီး႐ိုး ႐ုပ္ရွင္ေတြက လုပ္ေဖာ္ကိုင္ဖက္ မင္းသားေတြနဲ႔ တန္းတူ သ႐ုပ္ေဆာင္ေၾကး ရရွိေတာ့မယ္လုိ႔ သိရပါတယ္။

Avengers၊ Captain America၊ Iron Man အစရွိတဲ့ ဇာတ္ကားေတြမွာ အမ်ိဳးသမီး စူပါလူစြမ္းေကာင္း Black Widowအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ စကားလက္ဟာ ဒီဇာတ္႐ုပ္ တစ္ခုတည္းကို အသားေပး ႐ိုက္ကူးမယ့္ Black Widow ဇာတ္ကားသစ္အတြက္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာ ၁၅ သန္း ရရွိမယ္လုိ႔ Hollywood Reporter သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဒီသ႐ုပ္ေဆာင္ေၾကးဟာ Avengers: Infinity Warမွာ ခရစ္အီဗန္စ္ ရခဲ့တဲ့ ပမာဏ၊ Thor: Ragnarok ဇာတ္ကားမွာ ခရစ္ဟမ္းေဆြာ့သ္ ရခဲ့တဲ့ ပမာဏေတြနဲ႔ တူညီပါတယ္။

ဒီသတင္းသာ မွန္ခဲ့မယ္ ဆိုရင္ေတာ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး သ႐ုပ္ေဆာင္ေတြၾကားမွာ အႏုပညာေၾကး ကြာဟမႈ ႀကီးမားေနတဲ့ အစဉ္အလာကို စကားလက္က လက္ေတြ႕ ေတာ္လွန္လာႏုိင္တဲ့ သေဘာပါပဲ။

Marvelနဲ႔ Disney ကုမၸဏီေတြဟာ Black Widow ႐ုပ္ရွင္ကို လက္ေတြ႕ အေကာင္အထည္ေဖာ္ ႐ိုက္ကူးဖို႔ အေလးအနက္ ဆႏၵရွိေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စကားလက္ဟာ Marvel Cinematic Universeရဲ႕ အခ်ိတ္အဆက္မိမိ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေပါင္း ၇ ခုမွာ Black Widow အေနနဲ႔ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး ျဖစ္ပါတယ္။

(Unicode)

မင်းသားတွေနဲ့ သရုပ်ဆောင်ကြေး တန်းတူ ရလာတော့မယ့် စကားလက်ဂျိုဟန်ဆန်

အောက်တိုဘာ - ၁၃ ၊၂၀၁၈

စကားလက် ဂျိုဟန်ဆန်ဟာ Marvelရဲ့ စူပါဟီးရိုး ရုပ်ရှင်တွေက လုပ်ဖော်ကိုင်ဖက် မင်းသားတွေနဲ့ တန်းတူ သရုပ်ဆောင်ကြေး ရရှိတော့မယ်လို့ သိရပါတယ်။

Avengers၊ Captain America၊ Iron Man အစရှိတဲ့ ဇာတ်ကားတွေမှာ အမျိုးသမီး စူပါလူစွမ်းကောင်း Black Widowအဖြစ် သရုပ်ဆောင်ခဲ့တဲ့ စကားလက်ဟာ ဒီဇာတ်ရုပ် တစ်ခုတည်းကို အသားပေး ရိုက်ကူးမယ့် Black Widow ဇာတ်ကားသစ်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၁၅ သန်း ရရှိမယ်လို့ Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသရုပ်ဆောင်ကြေးဟာ Avengers: Infinity Warမှာ ခရစ်အီဗန်စ် ရခဲ့တဲ့ ပမာဏ၊ Thor: Ragnarok ဇာတ်ကားမှာ ခရစ်ဟမ်းဆွော့သ် ရခဲ့တဲ့ ပမာဏတွေနဲ့ တူညီပါတယ်။

ဒီသတင်းသာ မှန်ခဲ့မယ် ဆိုရင်တော့ အမျိုးသားနဲ့ အမျိုးသမီး သရုပ်ဆောင်တွေကြားမှာ အနုပညာကြေး ကွာဟမှု ကြီးမားနေတဲ့ အစဉ်အလာကို စကားလက်က လက်တွေ့ တော်လှန်လာနိုင်တဲ့ သဘောပါပဲ။

Marvelနဲ့ Disney ကုမ္ပဏီတွေဟာ Black Widow ရုပ်ရှင်ကို လက်တွေ့ အကောင်အထည်ဖော် ရိုက်ကူးဖို့ အလေးအနက် ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စကားလက်ဟာ Marvel Cinematic Universeရဲ့ အချိတ်အဆက်မိမိ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပေါင်း ၇ ခုမှာ Black Widow အနေနဲ့ ပါဝင် သရုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။

Category

😹
Fun
Be the first to comment
Add your comment

Recommended