Skip to playerSkip to main content
  • 7 years ago

အောက်တိုဘာ - ၁၃၊၂၀၁၈


နေတိုးရဲ့သူငယ်ချင်းတွေ၊ မင်းသွေးကိုချစ်ကြတဲ့သူငယ်ချင်းတွေက လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ဘုန်းကြီးဝတ်ကြမှာဖြစ်ပြီး မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေများစွာလုပ်သွားမယ်လို့ နေတိုးကပြောပါတယ်။


နေတိုးအနေနဲ့ ညီလေးငယ်ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားရုံတင်နိုင်ဖို့အတွက် ပြင်ဆင်နေသလို သတ်ကွင်းရုံတင်နိုင်ဖို့ ဝန်းရံပေးနေကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖွင့်ဟလာပါတယ်။


(Unicode)

ညီလေးငယ်အတွက် ဘုန်းကြီးဝတ်မယ့် နေတိုး

အောက်တိုဘာ - ၁၃၊၂၀၁၈

မကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ ညီငယ် မင်းသွေးအတွက် ရက်သတ္တပတ်တစ်ပတ်ခန့် ဘုန်းကြီးဝတ်ဖို့ အစီအစဉ်ရှိတယ်လို့ အစ်ကိုဖြစ်သူ အကယ်ဒမီနေတိုးက ဖွင့်ဟလာပါတယ်။

နေတိုးရဲ့သူငယ်ချင်းတွေ၊ မင်းသွေးကိုချစ်ကြတဲ့သူငယ်ချင်းတွေက လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ဘုန်းကြီးဝတ်ကြမှာဖြစ်ပြီး မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေများစွာလုုပ်သွားမယ်လို့ နေတိုးကပြောပါတယ်။

လက်ရှိအချိန်မှာ မင်းသွေးမရှိတော့တဲ့နေအိမ်ဟာ အနည်းငယ်လစ်ဟာမှုတွေရှိနေသလို တမိသားစုလုံးက သူ့ကိုသတိရနေတဲ့အခိုက်အတန့်တစ်ခုလို့လည်း နေတိုးကပြောပါတယ်။

နေတိုးအနေနဲ့ ညီလေးငယ်ကိုယ်တိုင်ထုတ်လုပ်ရို်က်ကူးထားတဲ့ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားရုံတင်နိုင်ဖို့အတွက် ပြင်ဆင်နေသလို သတ်ကွင်းရုံတင်နိုင်ဖို့ ဝန်းရံပေးနေကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖွင့်ဟလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun
Be the first to comment
Add your comment

Recommended