Skip to playerSkip to main content
  • 7 years ago
ခ်ီလီက ဇြမ္ဘီ ဖုတ်ကောင်တွေ စုပေါင်း လမ်းလျှောက်ပွဲ
အောက်တိုဘာ-၁၄၊၂၀၁၈

ချီလီနိုင်ငံမှာ နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ဇွမ်ဘီ ဖုတ်ကောင်တွေ စုပေါင်း လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့ကြပါတယ်။

ဆန်တီယေဂို မြို့တော်မှာ ထောင်နဲ့ချီ များပြားတဲ့ လူတွေက ဇွမ်ဘီ ဖုတ်ကောင်တွေလို ကြောက်စရာပုံစံ မိတ်ကပ်တွေ ခြယ်သပြီး စုပေါင်း လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ကလည်း ဇွမ်ဘီ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေ ပုံစံမျိုး ဝတ်ဆင်လာတာ တွေ့ရပါတယ်။

ဆန်တီယေဂို ဇွမ်ဘီလမ်းလျှောက် ပွဲတော်ကို ပုံမှန် ကျင်းပခဲ့တာ အခုဆိုရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီပွဲတော်ကို နိုင်ငံတကာက ဇွမ်ဘီ ရုပ်ရှင် ပရိသတ်တွေ စုပေါင်းပါဝင် ဆင်နွှဲလေ့ ရှိပါတယ်။

ဒီလိုပွဲတော်မျိုးကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ၂၀၀၁ က စတင်ခဲ့ပြီး ဆန်တီယေဂို အပါအဝင် နယူးယောက်၊ ဗြူနိုအေးရိစ်၊ ဘိုဂိုတာ၊ စင်ကာပူ၊ ဆာအိုပေါ်လို၊ မက္ကဆီကိုစီးတီးနဲ့ ဖရန့်ဖတ်တို့လို တခြား ကမ္ဘာ့မြို့ကြီးတွေဆီ ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။

Category

😹
Fun
Comments

Recommended