Skip to playerSkip to main content
  • 8 years ago
မင်းတုန်းမြို့နယ်အတွင်း ကျေးရွာ ၇၀ ကျော် ရေမြုပ် အရေးပေါ်အကူအညီလိုအပ် (ရုပ် သံ)

ဧရာဝတီ၊ ဇွန် ၁၅၊ ၂၀၁၈

မိုးရွာသွန်းမှုများပြားသောကြောင့် မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး အစားအစာ၊ သောက်သုံးရေများ နှင့် ကူညီကယ်ဆယ်ရေးများလိုအပ်နေပြီး ကျေးရွာတော်တော်များ လမ်းများရေနစ်မြုပ်နေခြင်းကြောင့် ရေလမ်းခရီးဖြင့် သွားရောက်ကူညီပေးနိုင်ရန် စက်လှေများ လိုအပ်လျှက်ရှိကြောင်း မင်းတုန်းမြို့ဒေသခံတွေကပြောပါတယ်။

မင်းတုန်းချောင်းတလျှောက်ရှိ ကျေးရွာ ၄၀ ကျော်နှင့် လွှာချောင်တလျှောက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှာ အရေးပေါ်အကူအညီများလိုအပ်နေပြီး လမ်းများရေနစ်မြုပ်နေသည့်အတွက် သွားရောက်ကူညီနိုင်ရန် စက်လှေများ လိုအပ်နေကြပါတယ်။

ရိုက်ကူး - ကောင်းမြတ်မင်း

Category

😹
Fun
Comments

Recommended