မြန်မာ့ဆန် တန်ချိန်သုံးထောင်ကို တရုတ်နိုင်ငံသို့ မေလဆန်းအတွင်းတင်ပို့သွားဖို့ရှိနေ

  • 7 years ago
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ တရုတ်နိုင်ငံကို ဆန်တန်ချိန် သုံးထောင်… အခုနှစ် မေလအတွင်း ပထမဦးဆုံး အကြိမ် တင်ပို့နိုင်အောင် စီစဉ်နေပြီလို့သိရပါတယ်။
အခုလိုတင်ပို့ခြင်းက နမူနာအနေနဲ့ တင်ပို့တာဖြစ်ပြီး တရုတ်နိုင်ငံကို မြန်မာနိုင်ငံက ဆန်တင်ပို့ဖို့သဘောတူညီထားတဲ့ ဆန်တန်ချိန် ၁သိန်း၂သောင်းထဲကနေ ဒီတန်ချိန်(၃၀၀၀)ကို စပြီးတင်ပို့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောဆိုထားပါတယ်။
အခုနမူနာတင်ပို့မှုအတွက် ဒီဆန်တန်ချိန် (၃၀၀၀)ကို မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCCO-မက်ကို) ကနေ တင်ပို့သွားမှာဖြစ်ပြီး နောက်ထပ်တင်ပို့မှုတွေအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အသင်းဝင်ဆန်စပါး ကုမ္ပဏီတွေကို လုပ်ငန်းပူးပေါင်းပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Recommended