သရုပ်ဆောင်ဝေဠုကျော်အမှု ၎င်း၏ ရှေ့နေကြောင့် မစစ်ဖြစ်

  • 5 years ago

သရုပ်ဆောင်ဝေဠုကျော်အမှု ၎င်း၏ ရှေ့နေကြောင့် မစစ်ဖြစ်
****************************
ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် သရုပ်ဆောင်ဝေဠုကျော်အမှုတွင် ၎င်းဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသော ရှေ့နေက ခရိုင်တွင် အရေးကြီးအမှုတစ်ခုရှိနေသဖြင့် မတ်လ ၂၈ ရက်(ယနေ့)၌ အမှုကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်။
ဝေဠုကျော်နှင့် ယခင်က ချစ်သူရည်းစားဖြစ်ဖူးခဲ့သူ အလှမယ်သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည် ရယူခဲ့သည်ဟု ဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၁၇(လိမ်လည်မှု) ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၁၇ မှာ လိမ်လည်မှုအတွက် ပြစ်ဒဏ်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုသူကို ၁ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ရာဇသတ်ကြီး ထဲတွင် ဖော်ပြထားသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ





Recommended