Skip to playerSkip to main content
  • 6 years ago
၁၉၆၉ခုနှစ် ဂျူလိုင် ၂၁ ရက်တွင် နေးလ်အန်းစထရောင်း (Neil Armstrong)သည် လကမ္ဘာသို့ ခြေချနိုင်သော ပထမဆုံး လူသားဖြစ်သည်။ ၎င်းသည် ကြီးမားသောအားထုတ်မှု၏အောင်မြင်မှု အထွက်အထိပ်ဖြစ်သည်။ ၁၉၆၁ခုနှစ်တွင် အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီ(John F. Kennedy)သည် သူ၏ရည်မှန်းချက်ပန်းတိုင်မှာ လကမ္ဘာသို့ လူသားစေလွတ်နိုင်ခြင်းနှင့် ဒီနှစ်ကုန်ပိုင်းမှာပြန်လည်ရောက်ရှိနိုင်ခြင်းပဲဖြစ်သည်ဟု ကြေငြာခဲ့ပါသည်။ ၎င်းသည် အာကာသယာဥ်တွေအတွက် ကနဦးအစပဲဖြစ်သည်။လပေါ်သို့အတွက် ယာဥ်များကို တည်ဆောက်ရန်လိုအပ်သည့် နည်းပညာသာမက အာကာသမူးတွေကလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ခန္ဓာပိုင်းဆိုင်ရာကိုပါ လေ့ကျင့်သင်ကြားခြင်း ပြုလုပ်ရသည်။ ပြီးမြောက်အောင်မြင်ရန် ပထမဦးစွာ နာဆာမှ စစ်တပ်မှ စစ်ဆေးပြီးသား လေယာဥ်မှူးတွေကို စုဆောင်းရသည်။ သူတို့ဟာဆိုရင် ကိုယ်ခန္ဓာပိုင်းမှာလည်း အကျန်းမာဆုံး နဲ့ နိုင်ငံရဲ့အတော်ဆုံး လေယာဥ်မှူးများဖြစ်သည်။ သူတို့သည် ကာလရှည်ကြာစွာနဲ့ ပင်ပန်းသောလေ့ကျင့်ရေးကာလတွေကို ဖြတ်ကျော်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လိုက်ပါသွားမရ့်အာကာသယာဥ်ထဲမှာ ဘာတွေစောင့်နေမလဲဆိုတာ ဘယ်သူမှမသိလို့ပါဘဲ။ သူတို့ သွေးလည်ပတ်မှုကောင်းမွန်စွာလည်ပတ်မလား? အာကာသထဲမှာ အစာမျိုချလို့ရပါ့မလား? လူ့ကိုယ်ခန္ဓာမှာ အလေးချိန်မရှိတဲ့ရက်တွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ? ကြိမ်ဖန်ပေါင်းများစွာစမ်းသပ်မှုပြုလုပ်ပြီးနောက် လကမ္ဘာသို့သွားရောက်မည့်အဖွဲ့သည် အရေးကြီးသော လုပ်ငန်းစဥ်ကို ပထမဆုံးကြိုးစားကြည့်ခဲ့ပါတယ်။ အာကာသတွင်း၌ယာဥ်ချင်း ချိတ်ဆက်သည့်လုပ်ငန်းစဥ်၊ အာကာသ၀တ်စုံ၀တ်ဆင်ခြင်း၊ အာကာသတွင် လမ်းလျှောက်ခြင်းနှင့်အလုပ်လုပ်ခြင်း လုပ်ငန်းစဥ်တို့ဖြစ်သည်။ သူတို့တစ်ယောက်ခြင်းစီတိုင်းမှာ လူသားများရဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်မက်အကောင်အထည်ပေါ်လာဖို့ရန်သူတို့အသက်တွေကို အလောင်းအစားထပ် ထားရပါတယ်။ တခြားကမ္ဘာကိုရှာဖွေစူးစမ်းခြင်းပင်ဖြစ်သည်။

https://memr.moe.edu.mm/video/apollo-astronauts/

Category

📚
Learning
Be the first to comment
Add your comment

Recommended