Skip to playerSkip to main content
  • 6 years ago
ဦးနှောက်သည် ကျွန်ုပ်တို့ တွေးထင်ထားသည်ထက် ပို၍ လွယ်ကူစွာ ပြုပြင်ပြောင်းလဲလွယ်ကြောင်း တွေ့ရ သည်။ ၎င်းသည် လေ့လာမှု ရပ်တန့်ခြင်းမရှိဘဲ အသက်ကြီးလာသည့်အထိ အကျိုးထိရောက်မှု ရှိသည်။ နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ဦးနှောက်နှင့်ပတ်သက်၍ မမှန်ကန်သော အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ရန် လိုအပ်နေပြီဖြစ်သည်။ သိပ္ပံပညာရှင်များသည် ဥပမာအားဖြင့် ဦးနှောက်၏ အပိုင်း ၂ ပိုင်းမှာ တင်းကြပ်စွာ ကန့်သတ်ထားသည်ဆိုသည့် အယူအဆနှင့် ကျွနု်ပ်တို့၏ ဦးနှောက်အား ၂၀% သာ အသုံးပြု၍ ကျန်သည့်အပိုင်းတို့မှာ အသုံးချခြင်းမရှိဘဲ အချည်းနှီးသာ ဖြစ်သည်ဆိုသည့် ယူဆချက်တို့မှ ကင်းကွာ အောင် နေထိုင်ကြသည်။ ထို့အပြင် အသိဉာဏ်ဆိုင်ရာ ပိုလျှံမှုဆိုသည်မှာလည်း မရှိပေ။ ဦးနှောက်သည် အမြဲတမ်းတည်ရှိသည့် အရာဖြစ်ပြီး အချိန်တိုင်း နာဗ်ကြောဆက်နှင့် ဆက်စပ်မှုအသစ်များ ဖြစ်ပေါ်လျက် ရှိသည်။ သတင်းအချက်အလက်များ မှတ်သားခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများတွင် လက်တွေ့ စမ်းသပ်မှုများအရ ငယ်ရွယ်သူများသည် အမြဲတစေ အသာစီးရမှု မရှိကြောင်း တွေ့ရသည်။ ဆင့်ကဲ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်မှ ဦးနှောက်အား သင်ယူလေ့လာမှုပြုရန် စီမံရေးဆွဲထားမှုမှာ ကိုယ်ပိုင် ချီးမြင့်မှု စနစ်မှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ လေ့လာဆည်းပူးမှုသည် ကျွနု်ပ် တို့အား ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှုကို ပေးသည်။

https://memr.moe.edu.mm/video/how-we-learn/

Category

📚
Learning
Be the first to comment
Add your comment

Recommended