မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂလက်နက်ကိုင်ခေါင်းဆောင် ၅ ဦးကို ၅ကြိမ်မြောက် ရုံးထုတ်

  • 5 years ago
မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂလက်နက်ကိုင်ခေါင်းဆောင် ၅ ဦးကို ၅ကြိမ်မြောက် ရုံးထုတ်
*****************************

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့နယ်တရားရုံးတွင် မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂလက်နက်ကိုင်(NSCNK) ခေါင်းဆောင် ၅ ဦးကို မေလ ၁၃ရက်က ၅ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အဆိုပါ(၅)ဦးဟာ ကသည်း/အာသံ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်း ပုဒ်မ၁၇/၁ နဲ့ တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်တယ်လို့ ဒီကနေ့ တရားရုံး ကြားနာမှုကနေ သိရပါတယ်။

မတရားအသင်း ၁၇/၁ နဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်း ၅ ဦးကို ယခုနှစ် မတ်လ ၉က ခန္တီးအခြေစိုက် ခလရ တပ်နယ်ရိပ်သာမှာ ဖမ်းဆီးခဲ့ပြီး ခန္တီးမြို့မရဲစခန်းမှာ မတ် ၂၆ ရက် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကို မေ ၂၀ ရက်မှာ ထပ်မံချိန်းဆိုလိုက်ပြီး နာဂဒေသအတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့တဲ့ ကသည်း/အာသံ လက်နက်ကိုင် ၂၄ ဦး ကို မေလ ၁၅ ရက် နေ့မှာ အပြီးသတ် အမိန့်ချသွားမယ်လို့ သိရပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊ မဇ်ၥိမ

Recommended