၃ ႀကိမ္ေျမာက္ က်ပ္သိန္းတစ္ေသာင္းဆုရွင္ ဆုေငြထုတ္ေပး

  • 7 years ago
ZawGyi -

(၃) ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္း ကံထူးရွင္ျဖစ္သည့္ ရွမ္းျပည္နယ္ ပင္လံုၿမိဳ႕က မထူးသဒၶါေအာင္၏ မိဘမ်ားကို ဇြန္လ ၂ ရက္က ရန္ကုန္ၿမိဳ႕၊ ေအာင္ဘာေလသိန္းဆုဌာန ခြဲ႐ုံးတြင္ ထီဆုေငြထုတ္ေပးလိုက္ၿပီျဖစ္သည္။
ရွမ္းျပည္နယ္ ပင္လုံၿမိဳ႕၊ ဆရာစံလမ္းမွ ထီကံထူးရွင္ ဦးေဇာ္ေထြးႏွင့္ မိသားစုအား ခ်က္လက္မွတ္ျဖင့္ ဇြန္ ၂ရက္ ေန႔လည္ ၁ နာရီဝန္းက်င္က ဆုေငြထုတ္ေပးခဲ့သည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန ေအာင္ဘာေလ သိန္းဆုဌာနခြဲမွၫႊန္ၾကားေရးမွဴး ဦးထြန္းထြန္းေအာင္က မဇၩိမသို႔ ေျပာသည္။

Unicode -

(၃) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်း ကံထူးရှင်ဖြစ်သည့် ရှမ်းပြည်နယ် ပင်လုံမြို့က မထူးသဒ္ဓါအောင်၏ မိဘများကို ဇွန်လ ၂ ရက်က ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာန ခွဲရုံးတွင် ထီဆုငွေထုတ်ပေးလိုက်ပြီဖြစ်သည်။
ရှမ်းပြည်နယ် ပင်လုံမြို့၊ ဆရာစံလမ်းမှ ထီကံထူးရှင် ဦးဇော်ထွေးနှင့် မိသားစုအား ချက်လက်မှတ်ဖြင့် ဇွန် ၂ရက် နေ့လည် ၁ နာရီဝန်းကျင်က ဆုငွေထုတ်ပေးခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

Recommended