(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာအကျဉ်းထောင်တွင် အားကစားပြိုင်ပွဲများ ကျင်းပ

  • 5 years ago
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာအကျဉ်းထောင်တွင် အားကစားပြိုင်ပွဲများ ကျင်းပ
******************
အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူတွေနဲ့ ထောင်ဝန်ထမ်းတွေအတွက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ မုံရွာအကျဉ်းထောင်အတွင်းမှာ ကျင်းပပေးခဲ့ပါတယ်။

အားကစားပြိုင်ပွဲတွေကို ဒီဇင်ဘာ ၂၃ ရက်က စတင်ကာ ဇန်နဝါရီ ၄ ရက်အထိ ပိုက်ကျော်ခြင်း၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ ခေါင်းဦးရိုက်၊ အားလူးကောက်၊ အပြေးပြိုင်ပွဲ စတဲ့ ကစားနည်း ၁၀ မျိုး ကျင်းပပြုလုပ်ပေးခဲ့ပါ တယ်လို့ ဦးခင်မောင်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး၊ အကျဉ်းဦးစီးဌာန) က ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲတွေဖြစ်ပေမဲ့ အပြင်ကပွဲအခမ်းအနားတွေအတိုင်း ဖွင့်ပွဲအခမ်းအနား ပိတ်ပွဲအခမ်းအနားတွေ ကျင်းပလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ အားကစားပြိုင်ပွဲတွေ အခုလိုကျင်းပပေးတဲ့အတွက် ဝန်းထမ်းတွေနဲ့ အကျဉ်းသားတွေအကြား ယုံကြည်မှု၊ လေးစားမှုတွေ ပိုမိုရရှိစေနိုင်ပြီး အုပ်ချုပ်ရေးပိုင်းမှာလဲ ကောင်းမွန်လာစေမှာလည်း ဦးခင်မောင်ထွန်းက ပြောပါတယ်။

မုံရွာအကျဉ်းထောင်အတွင်းမှာ အကျဉ်းသား၊အကျဉ်းသူတွေအတွက် ဘာသာပေါင်းစုံ တရားပွဲတွေ၊ အကျဉ်းသားတွေအတွက် အီလက်ထောနစ်သင်တန်း၊ဆံသသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့သလို အကျဉ်းသူ တွေအတွက် ပန်းအလှဆင်သင်တန်း၊ မိတ်ကပ်သင်တန်း၊ ဟင်းချက်သင်တန်းတွေကိုလည်း ဖွင့်လှစ်ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ မုံရွာအကျဉ်းထောင်အတွင်းမှာ အကျဉ်းကျခံ အကျဉ်းသူ၊အကျဉ်သား တစ်ထောင်ကျော် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ရိုက်ကူး-ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ

Recommended