Skip to playerSkip to main content
  • 7 years ago
မဲခေါင်အလှပန်းချီပြပွဲ ကျင်းပ
****************
ဂျပန်နဲ့ မဲခေါင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြားက ချစ်ကြည်ရေး ဆက်ဆံမှု ၁ဝ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ မဲခေါင်အလှပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက် မှာ ပြသလျှက်ရှိပါတယ်။
ပြပွဲမှာတော့ ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုအနုပညာတက္ကသိုလ်က ပညာရှင်များရဲ့ ပန်းချီပန်းပုလက်ရာများ၊ ယွန်းထည်လက်မှုအနုပညာများ၊ မဲခေါင်ဒေသနိုင်ငံငါးနိုင်ငံက ဓာတ်ပုံနဲ့ ပန်းချီလက်ရာများစတဲ့ အနုပညာ လက်ရာ အခု ၉ဝ ကို ပြသထားတာပါ။
မဲခေါင်အလှပန်းချီပြပွဲကို မေလ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ ၇ ရက်ကြာပြသနေပြီး မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အတွင်းလာရောက်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ်- ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended