Skip to playerSkip to main content
  • 7 years ago
အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အခမ်းအနား မန္တလေးတွင် ကျင်းပ
**********************
အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်၊နံနက် ၁၀နာရီက မန္တလေးမြို့၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊နှင်းဆီလမ်းရှိ အိန္ဒိယဂေဟာ၌ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် ဖိတ်ကြားခံရသည့် ဆရာတော် သံဃာတော်များ၊ မန္တလေး ၊ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံ၊ သာစည်၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ တမူး စသည့်မြို့များမှ အိန္ဒိယမျိုးနွယ်စုများတက်ရောက်ခဲ့ကြသည်။

ကောင်စစ်ဝန်ချုပ် Mr.Nanda Singh Bhaisoraက နံနက် ၁၀ နာရီတွင် အိန္ဒိယ နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး အိန္ဒိယသမ္မတကြီး၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/54264

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended