Skip to playerSkip to main content
  • 7 years ago
ရခိုင်အရေးအတွက် စိန်ခေါ်မှုတွေကို စိတ်ဓာတ်မကျ ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆို

အောက်တိုဘာ - ၁၈ ၊၂၀၁၈

ရခိုင်ပြည်နယ်အတွက် နိုင်ငံရေး ၊စီးပွားရေး ၊လူမျိုးရေး စိန်ခေါ်မှုတွေအတွက် စိတ်ဓာတ်ကျ စရာမလိုဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန မှာ ကျင်းပတဲ့ ရခိုင်အရေး ဖြေရှင်း ဆောင်ရွက်ဖို့ဖွဲ့စည်းထားတဲ့ UEHRD တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တာပါ။

UEHRD တစ်နှစ်ပြည့်အခမ်းအနားကိုတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းဖို့အတွက် သဟဇာတဖြစ်ဖို့ လူမှုရေးလုပ်ငန်းတွေက အရေးကြီးတယ် လို့ ဆိုပါသေးတယ်။

အဲဒီလို ပညာရေး၊ ကျန်းမာရေး လူမှုရေးလုပ်ငန်းတွေမှာ အောင်မြင်ဖို့ ဝိုင်းဝန်းကူညီ ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

UEHRD မှာ လူငယ်တွေပါဝင်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ပေးတာကိုလည်း သဘောအကျဆုံးဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး(UEHRD) စီမံကိန်းတွေအတွက် စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးက ကျပ် ၁၇ ဒသမ ၇ ဘီလီယံကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

😹
Fun
Be the first to comment
Add your comment

Recommended