Skip to playerSkip to main content
  • 7 years ago
က်ားအစစ္ေတြနဲ႕ရိုက္ကူးထားတဲ့ေမွာ္ဝင္သမန္းက်ား ႏိုဝင္ဘာမွာ ရုံတင္မယ္

စက္တင္ဘာ - ၂၉ ၊၂၀၁၈

သရုပ္ေဆာင္ ခြန္းဆင့္ေနျခည္ရဲ႕ ေက်ာက္ဆူး ရုပ္ရွင္ထုတ္လုပ္ေရးကေန ပထမဆုံး ထုတ္လုပ္ရိုက္ကူးထားတဲ့ ေမွာ္ဝင္သမန္းက်ား ရုပ္ရွင္ဇာတ္ကားကို ႏိုဝင္ဘာလအတြင္းမွာ ရုံတင္ျပသႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ေမွာ္ဝင္သမန္းက်ားဆိုတဲ့အတိုင္း ဒီဇာတ္ကားရဲ႕ ဇာတ္ဝင္ခန္းလိုအပ္ခ်က္အရ က်ားအစစ္ေတြနဲ႔လည္း ႐ိုက္ကူး ခဲ့ရပါတယ္။

က်ားအစစ္ေတြနဲ႔ ႐ိုက္ကူးတဲ့အခ်ိန္မွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့တဲ့ အေၾကာင္း ဗီဒီယိုဖုိင္ကို ဒီဇာတ္ကားရဲ႕ ထုတ္လုပ္သူလည္းျဖစ္ သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ ခြန္းဆင့္ေနျခည္က သူ႕ရဲ႕ Fan Page စာမ်က္ႏွာကေန တင္ေပးထားပါတယ္။

ဒီဇာတ္ကားမွာ ခြန္း ဆင့္ေနျခည္ႏွင့္အတူ ရန္ေအာင္၊ မင္းေမာ္ကြန္း၊ သူထူးစံ၊ စိုးျမတ္ သူဇာ၊ လင္းဇာနည္ေဇာ္ တို႔ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ႐ိုက္ကူးထားသည္။

ဇာတ္ကားရဲ႕အရည္အေသြးပိုင္းေကာင္းမြန္ဖို႔အတြက္ ဇာတ္ကားအစအဆံုးကို ထိုင္းႏိုင္ငံမွာ Post Production ျပဳလုပ္ခဲ့ၿပီး သိန္းသံုးေထာင္ေလာက္ အကုန္အက်ခံ ႐ိုက္ကူးထားတယ္လို႔ ခြန္းဆင့္ေနျခည္က ေျပာၾကားထားပါတယ္။

ဒါအျပင္ ဇာတ္ဝင္ခန္းရိုက္ကူးတဲ့အခ်ိန္မွာလည္း က်ားကိုက္ခံရတာေၾကာင့္ ထိုင္းမွာ ေဆးရုံတက္ၿပီး ကုသခဲ့ရာမွာ ေဆးရွစ္လုံး ထိုးခဲ့ရတယ္လုိ႕ ခြန္းဆင့္ေနျခည္က ေျပာဖူးပါတယ္။

(Unicode)

ကျားအစစ်တွေနဲ့ရိုက်ကူးထားတဲ့မှော်ဝင်သမန်းကျား နိုဝင်ဘာမှာ ရုံတင်မယ်

စက်တင်ဘာ - ၂၉ ၊၂၀၁၈

သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလအတွင်းမှာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။

မှော်ဝင်သမန်းကျားဆိုတဲ့အတိုင်း ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းလိုအပ်ချက်အရ ကျားအစစ်တွေနဲ့လည်း ရိုက်ကူး ခဲ့ရပါတယ်။

ကျားအစစ်တွေနဲ့ ရိုက်ကူးတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အကြောင်း ဗီဒီယိုဖိုင်ကို ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူလည်းဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ ခွန်းဆင့်နေခြည်က သူ့ရဲ့ Fan Page စာမျက်နှာကနေ တင်ပေးထားပါတယ်။

ဒီဇာတ်ကားမှာ ခွန်း ဆင့်နေခြည်နှင့်အတူ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ် သူဇာ၊ လင်းဇာနည်ဇော် တို့ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးထားသည်။

ဇာတ်ကားရဲ့အရည်အသွေးပိုင်းကောင်းမွန်ဖို့အတွက် ဇာတ်ကားအစအဆုံးကို ထိုင်းနိုင်ငံမှာ Post Production ပြုလုပ်ခဲ့ပြီး သိန်းသုံးထောင်လောက် အကုန်အကျခံ ရိုက်ကူးထားတယ်လို့ ခွန်းဆင့်နေခြည်က ပြောကြားထားပါတယ်။

ဒါအပြင် ဇာတ်ဝင်ခန်းရိုက်ကူးတဲ့အချိန်မှာလည်း ကျားကိုက်ခံရတာကြောင့် ထိုင်းမှာ ဆေးရုံတက်ပြီး ကုသခဲ့ရာမှာ ဆေးရှစ်လုံး ထိုးခဲ့ရတယ်လို့ ခွန်းဆင့်နေခြည်က ပြောဖူးပါတယ်။

Category

😹
Fun
Be the first to comment
Add your comment

Recommended