လူ့ဘောင်သစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲ မ၀င်အောက်တိုဘာ ၁၄၊ ၂၀၁၈လူ့ဘာင်သစ်ပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ၂၀၂၀ အထွေထွေ ရေ

  • 6 years ago
လူ့ဘောင်သစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲ မ၀င်

အောက်တိုဘာ ၁၄၊ ၂၀၁၈

လူ့ဘာင်သစ်ပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရရရေးနဲ့ ပါဝင်ယှဉ်ပြိုင်ရေးအတွက် အခုချိန်ကတည်းက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

၈၈ အရေးတော်ပုံနဲ့ အတူ ပေါ်ပေါက်လာတဲ့ လူ့ဘောင်သစ်ပါတီဟာ ဒီနေ့ဆိုရင် ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့်ပြီ ဖြစ်ပါတယ်။

လူ့ဘောင်သစ်ပါတီဟာ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားထု ကိုယ်စားပြု ပါတီတရပ်အနေနဲ့ ရပ်တည်ခဲ့တာပါ။

လူ့ဘောင်သစ်ပါတီဟာ ပြည်သူတွေ ခါးစည်းခံနေရတဲ့ လူမှု ဒုက္ခတွေကနေ လွတ်မြောက်ဖို့နဲ့ လိုအပ်ချက်တွေအတွက် ရပ်တည်သွားမှာ ဖြစ်ပြီး၊ ဒီမိုကရေစီအရေး၊ ဖက်ထရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ရပ်တည်သွားမယ်လို့လည်း သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ လူ့ဘောင်သစ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended